ဆာကာရဲ့နေရာမှာ ဂရီးလစ်ရှ် ဝင်လာတော့ ကွင်းထဲက အင်္ဂလန်ပရိသတ်တွေဖြစ်သွားတဲ့ မျက်နှာတွေ၊ အားပေးသံတွေက ဒီအချက်ကို သက်သေခံနေတယ်။ သူကစားတာကို အသည်းအသန်မြင်ချင်နေကြတဲ့ ပရိသတ်တွေအတွက် ဂရီးလစ်ရှ် ပြန်ပေးခဲ့တာကလည်း ပြီးပြည့်စုံတယ်လို့ပဲ ပြောရမယ်။ ဂရီးလစ်ရှ် လူစားဝင်လာပြီး (၁၇)မိနစ်အတွင်းမှာပဲ အင်္ဂလန်က အနိုင်ဂိုး (၂)ဂိုးလုံး သွင်းခဲ့တယ်။ ဂရီးလစ်ရှ်ရဲ့ ပေးပို့မှုကနေ လုခ်ရှောက စတာလင်အတွက် ဦးဆောင်ဂိုးကို ဖန်တီးပေးခဲ့တာဖြစ်ပြီး ဟာရီကိန်းရဲ့ ပထမဆုံး ယူရိုသွင်းဂိုးကိုလည်း သူပဲ ဖန်တီးပေးခဲ့တာပါ။ နဂိုကတည်းက ဂရီးလစ်ရှ်ကို ပွဲချိန်အနည်းငယ်ပဲ သုံးခဲ့လို့ ဆောက်ဂိတ်ကို ဝေဖန်နေကြတဲ့ ပရိသတ်တွေက ဂျာမနီနဲ့ပွဲအပြီးမှာတော့ သူ့ကို အဓိက ကစားသမားအဖြစ် ပွဲချိန်ပြည့်သုံးဖို့ တောင်းဆိုလာကြတယ်။
ဆောက်ဂိတ်အတွက် အဖြေရှာရခက်နေဆဲ ပုစ္ဆာ (သို့) ဂရီးလစ်ရှ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။