ဆန်ချို၏နေရာတွင် အစားထိုးရန်အတွက် မာလန်းကို ခေါ်ယူရန် ဒေါ့မွန်အသင်း စီစဉ်

ဆန်ချို၏နေရာတွင် အစားထိုးရန်အတွက် မာလန်းကို ခေါ်ယူရန် ဒေါ့မွန်အသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 26 June 2021

ဒေါ့မွန်အသင်းသည် အသင်းတောင်ပံကစားသမား ဆန်ချို၏နေရာတွင် အစားထိုးရန်အတွက် နယ်သာလန်တိုက်စစ်ကစားသမား မာလန်းကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ 

ဒေါ့မွန်အသင်းအနေဖြင့် မာလန်းကို ခေါ်ယူရန် စီစဉ်နေခြင်းကြောင့် ဆန်ချိုအား မန်ယူအသင်းသို့ ရောင်းချမည့်သတင်းမှာ ပိုမိုသေချာသလောက်ရှိသွားပြီဖြစ်သည်။ 

ဗြိတိန်မီဒီယာများ၏ ဖော်ပြချက်အရ ဒေါ့မွန်အသင်းသည် အသင်းတောင်ပံကစားသမား ဆန်ချိုအား မန်ယူအသင်းသို့ ပေါင် (၇၇)သန်းဖြင့် ရောင်းချရန် သဘောတူညီခဲ့ပြီဖြစ်ပြီး အပြောင်းအရွှေ့မှာ မကြာမီဖြစ်မြောက်ဖွယ်ရှိနေကြောင်း သိရသည်။ 

ထို့ကြောင့် ဒေါ့မွန်အသင်းသည် ဆန်ချို၏နေရာတွင် အစားထိုးရန်အတွက် PSG တိုက်စစ်ကစားသမား မာလန်းကို ပစ်မှတ်ထားနေခြင်းဖြစ်ပြီး ကစားသမား၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာနှင့်ဆွေးနွေးမှုများပင် ပြုလုပ်နေပြီဖြစ်ကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။ 

အသက် (၂၂)နှစ်အရွယ်ရှိ မာလန်းသည် အာဆင်နယ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီက PSV အသင်းအတွက် ပြိုင်ပွဲစုံ (၄၅)ပွဲတွင် (၂၇)ဂိုး သွင်းယူခဲ့သည်။ 

ဒေါ့မွန်အသင်းသည် PSV တိုက်စစ်ကစားသမား မာလန်းကို ပေါင် (၂၅)သန်းဝန်းကျင်ဖြင့် ခေါ်ယူလိုနေပြီး ၎င်းကို လီဗာပူးလ်အသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 

Most Read

Most Recent