CIES မှ နောက်ဆုံးထုတ်ပြန်လိုက်သည့် တန်ဖိုးအကြီးဆုံးဘောလုံးသမားစာရင်းတွင် အင်္ဂလန်ကစားသမား(၃)ဦးဖြစ်သည့် ဖိုဒန်၊ ဂရင်းဝုဒ်၊ ရပ်ရှ်ဖို့ဒ်တို့ ဦးဆောင်

CIES မှ နောက်ဆုံးထုတ်ပြန်လိုက်သည့် တန်ဖိုးအကြီးဆုံးဘောလုံးသမားစာရင်းတွင် အင်္ဂလန်ကစားသမား(၃)ဦးဖြစ်သည့် ဖိုဒန်၊ ဂရင်းဝုဒ်၊ ရပ်ရှ်ဖို့ဒ်တို့ ဦးဆောင်
Photo: CIES
Photo: CIES
Published 8 June 2021

နာမည်ကျော်ဘောလုံးစျေးကွက်သုတေသနအဖွဲ့ (CIES) မှ နောက်ဆုံးထုတ်ပြန်လိုက်သော ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဘောလုံးသမားစာရင်းတွင်  အင်္ဂလန်ကစားသမား(၃) ဦးဖြစ်သည့် ဖိုဒန်၊ ဂရင်းဝုဒ်နှင့် ရပ်ရှ်ဖို့ဒ်တို့ ဦးဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်၏ တစ်ဦးချင်းထူးချွန်ဆုများစွာကို ရယူနိုင်ခဲ့သည့်  မန်စီးတီးကြယ်ပွင့် ဖိုဒန်သည် တန်ဖိုးယူရို(၁၉၀.၂)သန်းဖြင့် တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ယခုစာရင်းမှာ ကစားသမား၏ ခြေစွမ်း၊ အနာဂတ်အလားအလာ၊ အသက်အရွယ်၊ လက်ရှိအသင်းနှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်းများအပေါ် အခြေခံတွက်ချက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယခုစာရင်း၌ လူငယ်ကစားသမားအများစု နေရာယူခဲ့ပြီး ဖိုဒန်၏နောက်၌ မန်ယူတိုက်စစ်မှူးများဖြစ်သည့် ဂရင်းဝုဒ်နှင့် ရပ်ရှ်ဖို့ဒ်တို့ ရပ်တည်ခဲ့သည့်အပြင် ထိပ်ဆုံး(၂၀) ဦးစာရင်း၌ အင်္ဂလန်ကစားသမား (၇)ဦးအထိ ပါဝင်ခဲ့သည်။ 

ယခင်က တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့သည့် PSG တိုက်စစ်မှူး ဘာပေမှာ အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးရန် နီးကပ်လာပြီဖြစ်သောကြောင့် တန်ဖိုးများစွာ ကျဆင်းသွားခဲ့ပြီး ယခုစာရင်း၌ အဆင့်(၁၂)နေရာသာ ရရှိခဲ့ကြောင်းလည်း သိရသည်။

ဒေါ့မွန်အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် နော်ဝေတိုက်စစ်မှူး ဟော်လန်းမှာမူ အဆင့်(၄)နေရာတွင် ရပ်တည်ခဲ့သည်။

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဘောလုံးသမား(၂၀)ဦးထဲတွင် ပရီးမီးယားလိဂ်ကစားသမား (၁၂)ဦးအထိပါဝင်ကာ အများဆုံးဖြစ်ခဲ့ပြီး ကလပ်အသင်းအနေဖြင့်ဆိုပါက မန်စီးတီးအသင်းက ကစားသမား(၄)ဦးဖြင့် အများဆုံးဖြစ်ခဲ့သည်။



■ တန်ဖိုးအကြီးဆုံးကစားသမား(၁၀)ဦး

ကစားသမား    တန်ဖိုး(ယူရို)

ဖိုဒန်(မန်စီးတီး)    ၁၉၀.၂ သန်း

ဂရင်းဝုဒ်(မန်ယူ)    ၁၇၈.၀ သန်း

ရပ်ရှ်ဖို့ဒ်(မန်ယူ)    ၁၅၉.၁ သန်း

ဟော်လန်း(ဒေါ့မွန်)    ၁၅၅.၅ သန်း

ဘရူနိုဖာနန်ဒက်စ်(မန်ယူ)    ၁၅၄.၃ သန်း

ဖရန်ကီဒီယွန်း(ဘာစီလိုနာ)    ၁၃၈.၇ သန်း

ပက်ဒရီ(ဘာစီလိုနာ)    ၁၃၃.၂ သန်း

အယ်လ်ဖွန်ဆိုဒေးဗီးစ်(ဘိုင်ယန်မြူးနစ်)    ၁၃၁.၆ သန်း

ဂျော်အိုဖေးလစ်(အက်သလက်တီကို)    ၁၂၇.၈ သန်း

မေဆန်မောင့်(ချယ်လ်ဆီး)    ၁၂၃.၆ သန်း

Most Read

Most Recent