စပါးအသင်း၏ နည်းပြသစ်အဖြစ် ကွန်တီ ခန့်အပ်ခံရတော့မည်ဖြစ်ပြီး သဘောတူညီမှုရရှိထားပြီဟု သတင်းများထွက်ပေါ်

စပါးအသင်း၏ နည်းပြသစ်အဖြစ် ကွန်တီ ခန့်အပ်ခံရတော့မည်ဖြစ်ပြီး သဘောတူညီမှုရရှိထားပြီဟု သတင်းများထွက်ပေါ်
Photo: Getty Images
Photo: Getty Images
Published 4 June 2021

အင်တာမီလန်အသင်း၏ နည်းပြဟောင်း အန်တိုနီယိုကွန်တီသည် စပါးအသင်း၏ နည်းပြသစ်အဖြစ် ခန့်အပ်ခံရတော့မည်ဖြစ်ပြီး သဘောတူ ညီမှု ရရှိထားပြီဟု အင်္ဂလန်နှင့် အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

    

ကွန်တီသည် အင်တာမီလန်အသင်းကို စီးရီးအေချန်ပီယံဆု ရယူပေးခဲ့ပြီးနောက် ရာသီအဆုံးသတ်ပြီး ရက်ပိုင်းအတွင်းမှာပင် လမ်းခွဲခဲ့သူ ဖြစ်သည်။ 

ကွန်တီသည် အင်တာမီ လန်အသင်း၏ အနာဂတ်စီမံကိန်းများကို သဘောမကျခြင်းကြောင့် လမ်းခွဲခဲ့ခြင်းဖြစ်ပြီး နည်းပြသစ် ရှာဖွေနေသည့် စပါးအသင်းက ၎င်းကို ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

စပါးအသင်းသည် မော်ရင်ဟိုနှင့် လမ်းခွဲခဲ့ပြီးကတည်းက နည်းပြသစ် ရှာဖွေနေခဲ့ခြင်းဖြစ်ပြီး နည်းပြဟောင်း ပိုချက်တီနိုကို ပြန်လည်ခန့်အပ်ရန် ကြိုးစားနေကြောင်းလည်း သတင်းထွက်ခဲ့သည်။ 

ယခုအခါ ကွန်တီနှင့် ဆွေးနွေးမှုမှာ သဘောတူညီမှု ရရှိသည့်အဆင့်အထိ ရောက်ရှိခဲ့ပြီဖြစ်ပြီး မကြာမီ အတည်ပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။ 

စပါးအသင်းဥက္ကဋ္ဌ လီဗီက တိုက်စစ်မှူး ဟာရီကိန်းကို ဆက်လက်ထိန်းသိမ်းထားမည်ဟု ကွန်တီကို ကတိပေးခဲ့ကြောင်းလည်း သိရသည်။

Most Read

Most Recent