အိုဘလက်ခ်နှင့် အသင်းမှ ဂိုးသမားတစ်ဦး တိုက်ရိုက်လဲလှယ်ရန် မန်ယူပစ်မှတ်ထား

အိုဘလက်ခ်နှင့် အသင်းမှ ဂိုးသမားတစ်ဦး တိုက်ရိုက်လဲလှယ်ရန် မန်ယူပစ်မှတ်ထား
Photo: Marca
Photo: Marca
Published 31 May 2021

မန်ယူအသင်းသည် အက်သလက်တီကိုမက်ဒရစ်အသင်းမှ ဆလိုဗေးနီးယားဂိုးသမား အိုဘလက်ခ်အား ခေါ်ယူရန် ပစ်မှတ်ထားနေပြီး အသင်းမှ ဂိုးသမား (၂)ဦးဖြစ်သော ဟန်ဒါဆန်နှင့်ဒီဟေးယားတို့အနက်မှ တစ်ဦးဦးနှင့် တိုက်ရိုက်လဲလှယ်ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

အိုဘလက်ခ်၏ပြောင်းရွှေ့ကြေးအတွက် အက်သလက်တီကိုမက်ဒရစ်အသင်းက ပေါင်သန်း (၇၀)ခန့် အလိုရှိနေပြီး မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကမူ အသင်းတွင် ပထမဂိုးသမားနေရာလုနေသော ဟန်ဒါဆန်နှင့် ဒီဟေးယားတို့အနက်မှ တစ်ဦးဦးဖြင့် လဲလှယ်ရန်အတွက် ကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်သည်။

ဆိုးလ်ရှားသည် ယခုနွေရာသီတွင် ဟန်ဒါဆန်နှင့်ဒီဟေးယားတို့(၂)ဦးအနက် တစ်ဦးကို လမ်းခွဲရန် ဆုံးဖြတ်ထားပြီး အကယ်၍ အိုဘလက်ခ်နှင့် တိုက်ရိုက်လဲလှယ်ခြင်းမပြုခဲ့လျှင်လည်း အခြားသောအသင်းတစ်သင်းသင်းသို့ ရောင်းချသွားမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။

Most Read

Most Recent