ကယားပြည်နယ် လွိုင်ကော်မြို့နယ် လောပိတ ရေအားလျှပ်စစ်စက်ရုံများရှိရ ဘီလူးချောင်း အမှတ် ၁ စက်ရုံမှူးရုံး သည် ( ယနေ့) မေလ ၂၇ ရက် နံနက် ၃ နာရီ ကျော်ခန့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
" ကျွန်တော်သိရသလောက် ရုံးတွေမှာ လူမနေ မရှိတော့ဘူး ၊စက်ရုံက ဂိတ်စောင့်လောက်ပဲကျန်တော့တာ ၊ အထိအခိုက်တော့မကြားမိဘူး ၊ ဘယ်လိုပုံလာရှို့လည်းမသိဘူး" ဟု လောကထူးကျေးရွာနေထိုင်သူတစ်ဦးက ပြောကြားသည်။
နှစ်ပေါင်း (၆၀)ကျော် လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူး ပေးနေသော အမှတ် ၁ စက်ရုံတွင်မီးလောင်မှုဖြစ်ပွားသည့် စက်ရုံမှူးရုံးအနီးတွင် တပ်စခန်းဂိတ်ရှိသည့်နေရာဖြစ်ပြီး ကင်းသမားရှိမရှိ မသိရသေးကြောင်းလည်း သိရသည်။
ကယားပြည်နယ်တွင် ဘီးလူးချောင်း ရေအားလျှပ်စစ်စက်ရုံး သုံးရုံရှိပြီး ၁၉၆၀ ခုနှစ်မှ စတင်လည်ပတ်ခဲ့ပြီး ရန်ကုန်နှင့်မန္တလေးမြို့ကြီးများသို့ ပထမဆုံး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခဲ့ပြီးနောက်မှသာ လွိုင်ကော်မြို့ကိုဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။















