ပခုက္ကူကြက်သွန်စျေးကွက်အတွင်း သင်္ကြန်ပြီးကာလ ယခုတတိယပတ်၏ နောက်ဆုံးရက်များတွင် စျေးအနည်းငယ်တက်လာပြီး ဝယ်ယူမှုများပြားလာကြောင်း သိရသည်။
သင်္ကြန်ကာလမတိုင်မီ ပခုက္ကူကြက်သွန်စျေးကွက်မှာ တစ်ပိဿ ၁၅၀၀ ကျပ်အောက်ဖြင့်သာ ရောင်းဝယ်ခဲ့ပြီး လကါရှိတွင် တစ်ပိဿ ၁၇၀၀ ကျပ်ထိ ရောက်ရှိလာကြောင်း သိရသည်။
“ စျေးပြန်တက်တယ်။ လှောင်စတွေ အဝယ်လိုက်သလို တစ်ခြားအလတ်စ အသေးစတွေလည်း ဝယ်ကြတယ်။ စျေးတက်ပေးလာတော့ နောက်ရက်ဝယ်သူရောင်းသူ များလာမှာပါ” ဟု ပခုက္ကူမြို့မှ ကြက်သွန်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦး ကပြောသည်။
ပခုက္ကူကြက်သွန်စျေးကွက်အတွင်း ပိဿချိန် ၆ သောင်းခန့်ဝင်ရောက်သည့် ဧပြီလ ၂၀ ရက်နေ့တွင် ဂျွန်သေးတစ်ပိဿ ၆၀၀ - ၉၀၀ ကျပ် ၊ ဂျွန်လတ်တစ်ပိဿ ၁၀၀၀-၁၃၀၀ ကျပ် နှင့် ဂျွန်ကြီးတစ်ပိဿ ၁၄၀၀ -၁၇၀၀ ကျပ် ပေါက်စျေးရှိကြောင်း သိရသည်။















