လာမည့်ရာသီ ပွဲစဉ်(၁၀)ပွဲအထိ စောင့်ကြည့်ပြီးမှ အာတီတာ၏အနာဂတ်ကို အာဆင်နယ်အသင်း ဆုံးဖြတ်မည်

လာမည့်ရာသီ ပွဲစဉ်(၁၀)ပွဲအထိ စောင့်ကြည့်ပြီးမှ အာတီတာ၏အနာဂတ်ကို အာဆင်နယ်အသင်း ဆုံးဖြတ်မည်
Photo: AFTV
Photo: AFTV
Published 6 May 2021

အာဆင်နယ်အသင်းနည်းပြ အာတီတာသည် လာမည့်ရာသီအစထိ သူ၏နည်းပြရာထူးနေရာ တည်မြဲနေမည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

talks SPORT သတင်းဌာန၏ ဖော်ပြချက်အရ အာဆင်နယ်အသင်းတာဝန်ရှိသူများသည် အာတီတာကို လာမည့်ရာသီပွဲစဉ် (၁၀)ပွဲအထိစောင့်ကြည့်ပြီးမှ သူ၏ အနာဂတ်အတွက် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းဘုတ်အဖွဲ့သည် လာမည့်နွေရာသီတွင် အာဆင်နယ်အသင်းအား စိတ်ကြိုက်ပြင်ဆင်ရန် အာတီတာကို ခွင့်ပြုချက်ပေးသွားမည်ဖြစ်ပြီး ကစားသမားသစ် ခေါ်ယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ယင်းကဲ့သို့ အခွင့်အရေးပေးခဲ့သည့်တိုင် အာတီတာအနေဖြင့် ရာသီအစတွင် အသင်းကို ရလဒ်ကောင်းများရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပါက ပွဲစဉ်(၁၀)အပြီးတွင် ၎င်းနှင့် လမ်းခွဲရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း talks SPORT က ဖော်ပြခဲ့သည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီက အာတီတာ၏လက်အောက်တွင် ပရီးမီးယားလိဂ်အဆင့် (၈)သာရရှိခဲ့သလို၊ ယခုရာသီတွင်လည်း ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)ပွဲ ကစားပြီး ရမှတ် (၄၉)မှတ်ဖြင့် အဆင့် (၉)နေရာ၌ ရပ်တည်နေသည်။

 

Most Read

Most Recent