နည်းပြ ဆမ်အလာဒိုက်စ်နှင့် ဝက်စ်ဘရွန်းအသင်းတာဝန်ရှိသူများ ယခုရက်သတ္တပတ်အတွင်း ဆွေးနွေးမည်

နည်းပြ ဆမ်အလာဒိုက်စ်နှင့် ဝက်စ်ဘရွန်းအသင်းတာဝန်ရှိသူများ ယခုရက်သတ္တပတ်အတွင်း ဆွေးနွေးမည်
Photo: Getty Images
Photo: Getty Images
Published 5 May 2021

 

ဝက်စ်ဘရွန်းအသင်း၏ တာဝန်ရှိသူများသည် နည်းပြ ဆမ်အလာဒိုက်စ်နှင့် ယခုရက်သတ္တပတ်အတွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

ဝက်စ်ဘရွန်းအသင်းသည် တန်းဆင်းဇုန်မှ လွတ်မြောက်ရန် အလားအလာနည်းပါးနေပြီဖြစ်သော်လည်း အလာဒိုက်စ်က အသင်းတာဝန်ရှိသူများ ထုတ်ပယ်မှသာ နည်းပြရာထူးကို စွန့်လွှတ်မည်ဟု ပြောကြားထားသည်။ 

ထို့ကြောင့် ဝက်စ်ဘရွန်းအသင်းတာဝန်ရှိသူများက ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်နေခြင်းဖြစ်ပြီး မကြာမီ အဖြေထွက်ပေါ်လာဖွယ်ရှိကြောင်း သိရသည်။ 

ဝက်စ်ဘရွန်းအသင်းတာဝန်ရှိသူများသည် ဆမ်အလာဒိုက်စ်ကို ရာထူးမှထုတ်ပယ်ရန် လိုလားခြင်းမရှိဘဲ လိဂ်ချန်ပီယံရှစ်သို့ တန်းဆင်းခဲ့ရလျှင်ပင် ဆက်လက်လက်တွဲသွားရန် ဆန္ဒ ရှိနေကြောင်းလည်း ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့သည်။

Most Read

Most Recent