ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ရှုံးထွက်အဆင့်သို့ ပထမဆုံးတက်ရောက်နိုင်သည့်အသင်း ဖြစ်လာခဲ့ပြီးနောက် ပရိသတ်များ အိပ်မက်ဆက်မက်နိုင်ရေးမှာ မိမိတို့တာဝန်ဖြစ်ကြောင်း နာဂယ်စ်မန်း ပြောကြား

ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ရှုံးထွက်အဆင့်သို့ ပထမဆုံးတက်ရောက်နိုင်သည့်အသင်း ဖြစ်လာခဲ့ပြီးနောက် ပရိသတ်များ အိပ်မက်ဆက်မက်နိုင်ရေးမှာ မိမိတို့တာဝန်ဖြစ်ကြောင်း နာဂယ်စ်မန်း ပြောကြား
Photos: X
Photos: X
Published 20 June 2024

ဂျာမနီအသင်းနည်းပြ နာဂယ်စ်မန်းက ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ရှုံးထွက်အဆင့်သို့ ပထမဆုံးတက်ရောက်နိုင်သည့်အသင်း ဖြစ်လာခဲ့ပြီးနောက် ပရိသတ်များ အိပ်မက်ဆက်မက်နိုင်ရေးမှာ မိမိတို့တာဝန်ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။

ဂျာမနီအသင်းသည် ဇွန် ၁၉ ရက်က ယှဉ်ပြိုင်ကစားသည့် အုပ်စု(A) ဒုတိယပွဲစဉ်တွင် ဟန်ဂေရီအသင်းအား (၂-၀) ဂိုးဖြင့် အနိုင်ရပြီးနောက် ရှုံးထွက်အဆင့်သို့ တက်ရောက်ရန် သေချာသွားပြီဖြစ်သည်။

ဂျာမနီအသင်းအတွက် အနိုင်ဂိုးများကို ခြေစွမ်းပြနေသည့် လူငယ်ကစားသမား မူဆီယာလာက ၂၂ မိနစ်နှင့် အသင်းခေါင်းဆောင် ဂွန်ဒိုဝမ်က ၆၇ မိနစ်တွင် သွင်းယူပေးခဲ့သည်။

ယခုပြိုင်ပွဲတွင် ရှုံးထွက်အဆင့်သို့ ပထမဆုံးတက်ရောက်နိုင်သည့်အသင်း ဖြစ်လာခဲ့ပြီးနောက် နာဂယ်စ်မန်းက ''ဒီပတ်ဝန်းကျင်ရဲ့ အခြေအနေက အံ့အားသင့်စရာပါပဲ။ ပရိသတ်တွေက ကျွန်တော်တို့ဟိုတယ်ကိုဖြတ်သွားပြီး ချီတက်နေကြတယ်။ ကျွန်တော်တို့ကို အားပေးနေသူတွေ အများကြီးပါပဲ။ ကျွန်တော် ပွဲတိုင်းကို အနိုင်ရချင်ပါတယ်။ အဲဒီလို လုပ်နိုင်ရင် အုပ်စုပထမနေရာရယူနိုင်မှာပါ။ တခြားအုပ်စုတွေမှာ ဘယ်လိုဖြစ်နေလဲ၊ ကျွန်တော်တို့ရဲ့ လာမယ့်ပြိုင်ဘက်က ဘယ်သူလဲဆိုတာ ဆက်ပြီးကြည့်ကြတာပေါ့။ ဒီရလဒ်အတွက် ကျွန်တော်ဝမ်းသာပါတယ်။ ဒါက ခက်ခဲတဲ့ပွဲစဉ်တစ်ခုပါ။ ကွင်းထဲမှာ အသံတွေက အရမ်းကျယ်လောင်ပါတယ်။ အဲဒါက ခင်ဗျားကို ကောင်းမွန်တဲ့ခံစားချက် ဖြစ်စေပါတယ်။ ဒါက ယုံကြည်နိုင်ဖို့ ခက်ခဲပေမဲ့ ကျွန်တော်တို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာ မယုံနိုင်လောက်အောင် အတွေ့အကြုံရှိသူတွေနဲ့ အောင်မြင်တဲ့ ကစားသမားတွေရှိပါတယ်။ ဒါပေမဲ့ ခင်ဗျား (ပရိသတ်များကိုရည်ရွယ်၍) နဲ့မှ တစ်ခုခုလုပ်နိုင်မှာပါ။ ဒီအားပေးမှုက လှုံ့ဆော်မှုပေးနိုင်တယ်။ ပရိသတ်တွေ  အိပ်မက်ဆက်ပြီးမက်နိုင်ဖို့က ကျွန်တော်တို့ တာဝန်ပါ'' ဟု ပြောကြားသည်။

Most Read

Most Recent