ယနေ့ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 20 April 2021

စပါး - ဆောက်သမ်တန် (မြန်မာစံတော်ချိန် ဧပြီလ ၂၁ ရက် ည ၁၁:၃၀ နာရီ)

စပါးက ရာသီလက်ကျန်ပွဲစဉ်တွေမှာ လုံးဝအမှားမရှိမှပဲ ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်လင့်ခွင့်ရှိမယ့်အနေအထား ဖြစ်လာတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၅)ပွဲမှာ တစ်ပွဲပဲနိုင်ခဲ့တာ၊ ယူရိုပါလိဂ်က ထွက်ခဲ့ရတာတွေက နောက်ပိုင်းပွဲတွေမှာ ဆက်တိုက်ကြုံတွေ့နေရတဲ့ အခြေအနေဆိုးတွေဖြစ်ပြီး အရေးအကြီးဆုံးအပိုင်းမှာ စပါးက ရလဒ်ပိုင်းယိမ်းယိုင်သွားတာ တွေ့ရတယ်။ ဒီရာသီ စပါးရဲ့ပုံစံကိုက ဖိအားဒဏ်တွေကို မခံနိုင်တဲ့ ပုံစံဖြစ်နေပြီး၊ ဒီပွဲမှာလည်း မဖြစ်မနေအနိုင်ကစားရမယ့်ပွဲဆိုပေမယ့် စိုးရိမ်ရတယ်။ ဟာရီကိန်းမကစားနိုင်ရင် သရေတောင်ကျသွားနိုင်တယ်။ 



အက်စတွန်ဗီလာ - မန်စီးတီး (မြန်မာစံတော်ချိန် ဧပြီလ ၂၂ ရက် နံနက် ၁:၄၅ နာရီ)

မန်စီးတီးက မန်ယူနဲ့ ပွဲတူ (၇)မှတ်ကွာအနေအထား ကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားမှာဖြစ်ပြီး အက်စတွန်ဗီလာကတော့ အမှတ်သိပ်မလိုပေမဲ့ ပွဲတိုင်းကို အာရုံစိုက်ကစားနေတဲ့အသင်းဖြစ်တယ်။ အမှတ်လိုနေတဲ့ ဖူလ်ဟမ်ကို အနိုင်ကစားခဲ့သလို၊ လီဗာပူးလ်ကိုလည်း အသည်းအသန်ကစားခဲ့ပြီးမှ ကပ်ရှုံးခဲ့တာဖြစ်တယ်။ ဂရီးလစ်ရှ် မရှိတဲ့နောက်ပိုင်း အက်စတွန်ဗီလာရဲ့ကစားပုံက အားနည်းမှုတွေရှိလာပြီး၊ အထူးသဖြင့် တိုက်စစ်ပိုင်း ဖန်တီးမှုစွမ်းရည် သိသိသာသာကျဆင်းသွားတယ်။ ဒါပေမဲ့ ဝတ်ကင်စ်၊ ထရာဇီဂေးတို့က အားကိုးနေရဆဲပါပဲ။ ဗီလာရဲ့ပြဿနာဟာ ခံစစ်က ဂိုးတွေ ဆက်တိုက်ပေးနေရတာဖြစ်ပြီး ဒီပုံစံနဲ့ မန်စီးတီးတိုက်စစ်ကို ထိန်းနိုင်ဖို့ ခက်လိမ့်မယ်။ မန်စီးတီးက ဒီပွဲမှာ ဒီဘရိုင်းနားကစားနိုင်ဖို့ မသေချာရင်တောင် ကစားကွက် အပြောင်းအလဲ၊ လူအပြောင်းအလဲတွေ အများကြီးလုပ်လို့ရပါတယ်။ အက်စတွန်ဗီလာအသင်းရဲ့ကွင်းမှာ ကစားရမှာဆိုပေမဲ့ မန်စီးတီးပဲ နိုင်ပွဲယူလိမ့်မယ်။ လိဒ်စ်နဲ့ပွဲက အရှုံးကို ပြန်ချေဖျက်လိမ့်မယ်။ 

Most Read

Most Recent