ဟော်လန်းကို ကမ္ဘာ့ဘောလုံးသမိုင်းတွင် တစ်ပတ်လုပ်ခ ပေါင် (၁) သန်းရသည့် ပထမဆုံးကစားသမားဖြစ်လာရန် ရိုင်အိုလာ ဆန္ဒရှိနေ

ဟော်လန်းကို ကမ္ဘာ့ဘောလုံးသမိုင်းတွင် တစ်ပတ်လုပ်ခ ပေါင် (၁) သန်းရသည့် ပထမဆုံးကစားသမားဖြစ်လာရန် ရိုင်အိုလာ ဆန္ဒရှိနေ
Photo: Getty Images
Photo: Getty Images
Published 12 April 2021

 

နာမည်ကျော် အေးဂျင့်တစ်ဦး ဖြစ်သည့် မီနိုရိုင်အိုလာသည် သူ၏ ကစားသမားဖြစ်သည့် လူငယ်ကြယ်ပွင့် ဟော်လန်းအား ကမ္ဘာ့ဘောလုံးသ မိုင်းတွင် တစ်ပတ်လုပ်ခ ပေါင် (၁) သန်းရသည့် ပထမဆုံးကစားသမား ဖြစ်လာစေရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

ရိုင်အိုလာနှင့် ဟော်လန်း၏ ဖခင်ဖြစ်သူ အဲ့လ်ဖ်အင်းဂ်ဟော်လန်း တို့သည် လက်ရှိအချိန်တွင် ကမ္ဘာ့အင်အားကြီးအသင်းကြီးများဖြစ်သည့် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ အသင်းတို့နှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီးဖြစ်သည်။ 

ရိုင်အိုလာက သူ၏ ကစားသမား၏ တစ်ပတ်လုပ်ခလစာငွေတွင် ကစားကြေးအပြင်၊ ပုံရိပ်အသုံး ပြုခမူပိုင်ခွင့်၊ ဒစ်ဂျစ်တယ်စျေးကွက် ဆိုင်ရာအခွင့်အရေး၊ အခြားစပွန်ဆာ စာချုပ်များပါ ပါဝင်သည့် Package ဖြင့် တစ်ပတ်လုပ်ခ ပေါင် (၁)သန်း အထိရရှိရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ 

ဟော်လန်းအား အလိုရှိနေသည့် အသင်း အများအပြားရှိနေသော်လည်း ရိုင်အိုလာ၏ လိုလားချက်မှာ မြင့်မားလွန်းသဖြင့် ၎င်းကို ခေါ်ယူလို သည့်အသင်းများထဲမှ အများအပြားမှာ လက်ရှောင်ရတော့မည်ဖြစ်ပြီး မန်စီးတီး၊ ရီးယဲလ်မက်ဒရစ်၊  PSG တို့ သာ အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေသည် ဟု မီဒီယာများက ခန့်မှန်းနေကြသည်။ 

ဘာစီလိုနာအသင်းမှာမူ မက်ဆီကို ဆက်ထိန်းထားမည်ဆိုပါက ဟော်လန်းကို ခေါ်ယူရန်အခြေအနေမှာ ဘဏ္ဍာရေးကြောင့် ဖြစ်နိုင်ဖွယ်မရှိဘဲ မက်ဆီမရှိမှသာ ကြိုးစားနိုင်ဖွယ်ရှိနေသည်ဟု သိရသည်။ 

Most Read

Most Recent