ရီးယဲလ်မက်ဒရစ်အသင်းသည် လန်ဒန်ကလပ်အာဆင်နယ်အသင်းသို့ အငှားချထားသော နော်ဝေကွင်းလယ်လူ အော်ဒီဂွါအတွက် ပြောင်းရွှေ့ကြေးသတ်မှတ်လိုက်ကြောင်း သိရှိရသည်။
စပိန်မီဒီယာများ၏ဖော်ပြချက်အရ ရီးယဲလ်အသင်းသည် အော်ဒီဂွါအား အနိမ့်ဆုံးပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)(ပေါင် ၅၁.၄ သန်း) ရရှိမှ ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။
အသက် (၂၂)နှစ်အရွယ် အော်ဒီဂွါသည် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အာဆင်နယ်အသင်းသို့ ရာသီဝက်အငှားစာချုပ်ဖြင့်ရောက်ရှိလာပြီး အသင်း၌ ခြေစွမ်းပြကစားလျက်ရှိနေသူဖြစ်သည်။
အာဆင်နယ်အသင်းသည် ၎င်းအား အပြီးသတ်ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ဥရောပအသင်းအချို့ကပါ ၎င်းကိုပစ်မှတ်ထားနေ၍ လာမည့်နွေရာသီတွင် အပြိုင်ကမ်းလှမ်းခေါ်ယူရဖွယ်ရှိနေကြောင်း သိရှိရသည်။















