မန်ယူအသင်းကို မာစီယဲလ် စွန့်ခွာသင့်ပြီဟု လီဗာပူးလ်ဂန္ထဝင် ဂျွန်ဘားနက်စ် အကြံပြု

မန်ယူအသင်းကို မာစီယဲလ် စွန့်ခွာသင့်ပြီဟု လီဗာပူးလ်ဂန္ထဝင် ဂျွန်ဘားနက်စ် အကြံပြု
Photo: Getty Images
Photo: Getty Images
Published 3 March 2021

 

လီဗာပူးလ်အသင်း၏ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သည့် ဂျွန်ဘားနက်စ်က ပြင်သစ်တိုက်စစ်မှူး မာစီယဲလ်သည် မန်ယူအသင်းကို စွန့်ခွာသင့်ပြီဟု အကြံပြုပြောကြားခဲ့သည်။ 

ဂျွန်ဘားနက်စ်က "မန်ယူအသင်းမှာ တိုက်စစ်မှူးအဖြစ် ကစားနေရပေမဲ့ မာစီယဲလ်က တိုက်စစ်မှူးတစ်ဦး မဟုတ်ပါဘူး။ သူ့အနေနဲ့ သင့်လျော်တဲ့နေရာမှာ ပွဲထွက်ကစားသမား အဖြစ် မကစားရဘူးဆိုရင် မန်ယူအသင်းက ထွက်ခွာသင့်ပါတယ်။ ဒီနေ့ခေတ် ကလပ်အသင်းတွေမှာ အရန်ကစားသမား အဖြစ် ပျော်ပျော်ကြီးရပ်တည်နေတဲ့ ထိပ်တန်းကစားသမားတွေ အများကြီးရှိပေမဲ့ မာစီယဲလ်က အဲဒီလိုကစားသမားမျိုး လားဆိုတာတော့ ကျွန်တော် မသိပါဘူး။ သူ မန်ယူက ထွက်ခွာတာဟာ သူ့အတွက်ရော ကလပ်အသင်းအတွက်ပါ ကောင်းမွန်လိမ့်မယ်လို့ ကျွန်တော် အကြံပြုချင်ပါတယ်" ဟု ပြောကြားခဲ့သည်။ 

မာစီယဲလ်သည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ ပွဲကစားထားပြီး ၄ ဂိုးသွင်းယူပေးထားသည်။

Most Read

Most Recent