ဒဏ်ရာကြောင့် ဗီလာကွင်းလယ်လူ ဂရီးလစ်ရှ် တစ်လခန့် အနားယူရဖွယ်ရှိ

ဒဏ်ရာကြောင့် ဗီလာကွင်းလယ်လူ ဂရီးလစ်ရှ် တစ်လခန့် အနားယူရဖွယ်ရှိ
Photo : Getty Image
Photo : Getty Image
Published 22 February 2021

အက်စတွန်ဗီလာအသင်း၏ အသင်းခေါင်းဆောင် ဂရီးလစ်ရှ်သည် ဒဏ်ရာပြဿနာကြောင့် (၁)လခန့်အနားယူရဖွယ်ရှိနေကြောင်း သိရှိရသည်။

ယခုရာသီတွင် ခြေစွမ်းပြကစားနေပြီး၊ အသင်းကြီးများ၏ စိတ်ဝင်စားခြင်းကိုခံနေရသည့် ဂရီးလစ်ရှ်သည် လက်စတာအသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်ကို လွဲချော်ခဲ့ပြီး၊ ယင်းကဲ့သို့ လွဲချော်ခြင်းမှာ နောက်ဆုံး (၁၅)လအတွင်း ဗီလာအသင်း၏ ပရီးမီယားလိဂ်ပွဲစဉ်တစ်ပွဲကို ပထမဆုံးလွဲချော်ခဲ့ခြင်းလည်းဖြစ်သည်။

အသင်းနည်းပြ ဒင်းစမစ်ကမူ ဒဏ်ရာမှာအလွန်မပြင်းထန်ကြောင်းနှင့် အလျင်အမြန်ပြန်ကစားနိုင်ရန် မျှော်လင့်သည်ဟုဆိုခဲ့သည်။

ဂရီးလစ်ရှ်သည် ယခုရာသီတွင် အက်စတွန်ဗီလာအသင်းအတွက် ပရီးမီးယားလိဂ် (၂၂)ပွဲအထိကစားခွင့်ရရှိထားပြီး (၆)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၀)ကြိမ်ပြုလုပ်ထားသည်။

Most Read

Most Recent