ပေါ်တိုနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲကို ကွာဒရာဒို လွဲချော်မည်ဖြစ်ပြီး ဒီဘားလားနှင့် ရမ်ဆေး လေ့ကျင့်ခန်းပြန်ဆင်းနေ

ပေါ်တိုနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲကို ကွာဒရာဒို လွဲချော်မည်ဖြစ်ပြီး ဒီဘားလားနှင့် ရမ်ဆေး လေ့ကျင့်ခန်းပြန်ဆင်းနေ
Photos : Getty Images
Photos : Getty Images
Published 17 February 2021

 

ဂျူဗင်တပ်စ်အသင်းမှ ကိုလံဘီယာလက်ရွေးစင်တောင်ပံကစားသမား ကွာဒရာဒိုသည် တံကောက်ကြောဒဏ်ရာကြောင့် ပေါ်တိုအသင်းနှင့်ကစားမည့် ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်(ပထမအကျော့) ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းက ထုတ်ပြန်ကြေညာချက်တွင် ကွာဒရာဒို၏ညာဘက်ပေါင်ရှိ တံကောက်ကြောဒဏ်ရာမှာ ၁၀ ရက်ခန့် အနားယူရမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်သူ ကွာဒရာဒို အနေဖြင့် နာပိုလီအသင်းအား (၀-၁)ဂိုးဖြင့် အရေးနိမ့်သည့်ပွဲတွင် ယင်းဒဏ်ရာရရှိခဲ့ခြင်းကြောင့် ပထမပိုင်းအပြီး၌ လူစားလဲခဲ့ရခြင်း ဖြစ်သည်။ 

ထို့ကြောင့် ကွာဒရာဒိုသည် ပေါ်တိုအသင်းနှင့် ချန်ပီယံလိဂ်ပွဲအပြင် ခရိုတိုနီ၊ ဗီရိုနာအသင်းများနှင့်ကစားမည့် စီးရီးအေပွဲစဉ်များကိုလည်း လွဲချော်မည်ဖြစ်ကြောင်း သိရသည်။ ဒဏ်ရာသည့် အနားယူခဲ့ရသည့် အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘားလားနှင့် ဝေးလ်စ်လက်ရွေးစင်ကွင်းလယ်လူ ရမ်ဆေးတို့မှာ ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent