မန်စီးတီးအသင်းသည် ရီးယဲလ်မက်ဒရစ်အသင်း၏ စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်အားခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်သည် လာမည့်မတ်လတွင် အသက်(၃၅)နှစ်ပြည့်မည်ဖြစ်သော်လည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် သူ၏အသင်းနောက်တန်းတွင် ဦးဆောင်ကစားနိုင်မည့် အတွေ့အကြုံ ရင့်နောက်ခံလူတစ်ဦးကို ဖြည့်တင်းရန်ဆန္ဒရှိနေခြင်းကြောင့် ရာမို့စ်ကို မျက်စိကျနေခြင်းဖြစ်ကြောင်း သိရသည်။
ရာမို့စ်သည် ရီးယဲလ်အသင်းနှင့်စာချုပ်သက်တမ်း(၆)လသာကျန်ရှိတော့၍ စာချုပ်သစ်မချုပ်ဖြစ်ခဲ့ပါက လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွင့်ရမည်ဖြစ်သည်။
ရီးယဲလ်အသင်းကလည်း ရာမို့စ်ကို စာချုပ်သက်တမ်းတိုးနိုင်ခြင်းမရှိပါက အစားထိုးရန် ဘိုင်ယန်မြူးနစ်မှ အလာဘာနှင့် ဗီလာရီးယဲလ်မှ ပါအူတောရက်စ်တို့ကို ပစ်မှတ်ထားနေကြောင်း သိရသည်။















