ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၄) ရပ်ကွက်ရှိ လွတ်လပ်ရေး ကျောက်တိုင်ကွင်းတွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၇၃ နှစ်မြောက် အလံတင်အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာပြီးနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား လွှင့်တင်ခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း အစီအစဉ်ကို ဂုဏ်ပြုတပ်ဖွဲ့က ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်း အစီစဉ်အဖြစ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဖတ်ကြားခဲ့သည်။















