ဘွန်ဒစ်လီဂါပွဲစဉ် (၁၄) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ် (၁၄) ပွဲကြိုသုံးသပ်ချက်
Photos: Getty Images
Photos: Getty Images
Published 2 January 2021

ဟော်ဖန်ဟင်မ် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂ ရက် ည ၉:၀၀ နာရီ)

ဖရိုင်းဘတ်က နောက်ဆုံး(၃)ပွဲဆက် အနိုင်ကစားထားပြီး ခြေတက်နေတယ်။ ဟော်ဖန်ဟင်မ်ကွင်းမှာ ဖရိုင်းဘတ် အမှတ်ရနိုင်တယ်။

ကိုလုံး - အော့စ်ဘတ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂ ရက် ည ၉:၀၀ နာရီ)

ကိုလုံးအသင်း အိမ်ကွင်းနိုင်ပွဲ မရှိသေးတဲ့အပြင် ဒီရာသီမှာကစားတဲ့ (၇)ပွဲမှာ (၅)ပွဲအထိ ရှုံးထားတယ်။ အော့စ်ဘတ် မရှုံးလောက်ဘူး။

၀ါဒါဘရီမင် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂ ရက် ည ၉:၀၀ နာရီ)

အူန်ယွန်းဘာလင်က နောက်ဆုံးပွဲမှာ ဒေါ့မွန်ကို အနိုင်ကစားထားတဲ့အသင်းပါ။ ဒါပေမဲ့ ဝါဒါဘရီမင်ကွင်းမှာ အိမ်ရှင်  အမှတ်တော့ရမှာပါ။

အာမိုးနီးယား - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂ ရက် ည ၉:၀၀ နာရီ)

အာမီးနီးယားရဲ့အနေအထားက ရှော်လ်ကေး၊ မိန့်ဇ်တို့နဲ့ တန်းဆင်းဇုန်ယှဉ်လုရဖို့ပဲ ဖြစ်လိမ့်မယ်။ အဝေးကွင်းဖြစ်ပေမဲ့ မိုချန် နိုင်ပွဲပြန်ယူလိမ့်မယ်။

ဖရန့်ဖတ် - လေဗာကူဆင် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂ ရက် ည ၉:၀၀ နာရီ)

ဖရန့်ဖတ်က ဒီရာသီမှာ အိမ်ကွင်းရှုံးပွဲမရှိသေးပေမဲ့ ကစားထားတဲ့ (၆)ပွဲမှာ (၅)ပွဲအထိ သရေကျထားခဲ့တယ်။ အိမ်ကွင်းနောက်ဆုံး(၃)ပွဲဆက် လိုက်ပ်ဇစ်၊ ဒေါ့မွန်၊ မိုချန်ဂလာဘတ်အသင်းတွေဆီက ဖရန့်ဖတ် အမှတ်ခွဲယူခဲ့တာပါ။ လေဗာကူဆင်က တိုက်စစ်အားကောင်းတဲ့အသင်းဖြစ်ပေမဲ့ ဖရန့်ဖတ် အမှတ်ထပ်ရဖို့များတယ်။

ဟာသာဘာလင် - ရှော်လ်ကေး (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂ ရက် ည ၁၂:၀၀ နာရီ)

နည်းပြသစ်နဲ့ ရှော်လ်ကေး အပြောင်းအလဲဖြစ်လာမလား စောင့်ကြည့်ရမယ်။ လက်ရှိအနေအထားအရတော့ ဟာသာဘာလင်ဘက်ကပဲ ရပ်တည်သင့်တယ်။

စတုဂတ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၃ ရက် နံနက် ၂:၀၀ နာရီ)

စတုဂတ်က အဝေးကွင်း ခြေပိုစွာပြီး အိမ်ကွင်းမှာတော့ နိုင်ပွဲလုံးဝမရှိသေးတဲ့အသင်းပါ။ လိုက်ပ်ဇစ်ကတော့ ဒီရာသီမှာ အဝေးကွင်းစွမ်းဆောင်ရည် ပိုတက်လာတာတွေ့ရတယ်။ လိုက်ပ်ဇစ်ကိုပဲ ရွေးချယ်ချင်တယ်။

Most Read

Most Recent