ရန်ကုန်တိုင်းဒေသကြီးရှိ အိပ်ချ်အိုင်ဗွီလူနာများ ART ဆေးပြတ်လပ်မှုမရှိစေရန် ခြောက်လစာ ကြိုထုတ်ပေးနေပြီး လက်ရှိ ဆေးသောက်သုံးနေရသော လူနာရာခိုင်နှုန်း ၇၀ ကို ဆေးထုတ်ပေးပြီးဖြစ်

ရန်ကုန်တိုင်းဒေသကြီးရှိ အိပ်ချ်အိုင်ဗွီလူနာများ ART ဆေးပြတ်လပ်မှုမရှိစေရန် ခြောက်လစာ ကြိုထုတ်ပေးနေပြီး လက်ရှိ ဆေးသောက်သုံးနေရသော လူနာရာခိုင်နှုန်း ၇၀ ကို ဆေးထုတ်ပေးပြီးဖြစ်
အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူ တစ်ဦးအား ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ရန် ကျန်းမာရေးဝန်ထမ်းတစ်ဦးက သွေးဖောက်ယူနေစဉ်
အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူ တစ်ဦးအား ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ရန် ကျန်းမာရေးဝန်ထမ်းတစ်ဦးက သွေးဖောက်ယူနေစဉ်
Published 31 December 2020

ရန်ကုန်တိုင်းဒေသကြီးရှိ အိပ်ချ်အိုင်ဗွီလူနာများ ART ဆေးပြတ်လပ်မှု မရှိစေရန် ခြောက်လစာ ကြိုထုတ်ပေးနေပြီး လက်ရှိ ဆေးသောက်သုံးနေရသော လူနာရာခိုင်နှုန်း ၇၀ ကို ဆေးထုတ်ပေးပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

အိပ်ချ်အိုင်ဗွီ လူနာများအတွက် ရန်ကုန်တိုင်းဒေသကြီး၌ ART ဆေးကုဌာနပေါင်း ၅၇ ခုရှိပြီး ဆေးသောက်သုံးနေသူ ဦးရေ ၆၀၀၀၀ နီးပါးရှိရာ ဆေးဝါးပြတ်လပ်မှု မရှိစေရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူ ၂၄၀၀၀၀ ကျော်အနက် ၈၂ ရာခိုင်နှုန်းကျော်ကို Lifelong ART ဆေးပေးကုသနေပြီး မြို့နယ်ပေါင်း ၂၇၀ ကျော်တွင် ဆေးကုဌာနပေါင်း ၃၆၀ ကျော်အထိ တိုးချဲ့ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗွီ ကူးစက်ခံရသူပေါင်း ၂၄၀၀၀၀ ကျော်အနက် ၂၀၁၆ ခုနှစ်အစတွင် လူနာ ၁၀၆၀၀၀ ကျော်ကိုသာ အေအာတီဆေး Lifelong ART ဆေးပေး ကုသမှုပေးနိုင်ခဲ့ရာမှ ယခုနှစ် စက်တင်ဘာလတွင် ခန့်မှန်းအိပ်ချ်အိုင်ဗွီ ကူးစက်ခံရသူ အားလုံး၏ ၈၂ ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်ကုသ ပေးနိုင်ခဲ့ကြောင်း၊ အမျိုးသားခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက် အနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်အထိ မြို့နယ် ၂၇၃ ခုတွင် အေအာတီဆေး ကုသရေးဌာန ၃၆၂ ခုအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး အေအာတီဆေး ကုသမှုလုပ်ငန်းများအား ပိုမိုလက်လှမ်းမီ ရရှိစေရန် ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် မြန်မာနိုင်ငံ အနေဖြင့် မိခင်မှ ကလေးသို့ အိပ်ချ်အိုင်ဗွီကူးစက်မှုမှ ကာကွယ်ခြင်း လုပ်ငန်းကို ယခုနှစ်တွင် ၃၂၆ မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး ၉၉ ရာခိုင်နှုန်းအထိ လွှမ်းခြုံမှုရရှိနေပြီဖြစ်ကြောင်း ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်ရေး စီမံချက်မှ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်၌ HIV ရောဂါပိုး အသစ်ကူးစက်ခံရမှု ၉၉၀၀ ကျော်ရှိခဲ့ပြီး အဆိုပါ ကူးစက်မှုများသည် ၂၀၁၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်းအထိ ကျဆင်းလာခြင်းဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း HIV ပိုး ကူးစက်ခံနေရသူ ဦးရေ ၂၄၀၀၀၀ ခန့်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်း (HIV prevalence) မှာ သုည ဒသမ ၅၈ ရာခိုင်နှုန်းရှိကြောင်း (AIDS Epidemic) ဖြင့် ခန့်မှန်းတွက်ချက် သိရှိရပါကြောင်းနှင့် ခန့်မှန်းတွက်ချက်မှုများအရ မူးယစ်ဆေးထိုးသူများ၊ အမျိုးသမီး လိင်လုပ်သားများ၊ အမျိုးသားချင်း လိင်တူဆက်ဆံသူများ၊ အကျဉ်းကျသူနေသူများနှင့် ရွှေ့ပြောင်းလုပ်သားများစသည့် HIV ရောဂါပိုး ကူးစက်ရန် အန္တရာယ်များသော ဦးစားပေးအုပ်စုများတွင် အဖြစ်များနေပြီး ဝန်ကြီးဌာန၏ အမျိုးသားခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်အနေဖြင့် အဆိုပါ ဦးတည်အုပ်စုများကို အထူးဂရုပြုပြီး ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း  ဒီဇင်ဘာ ၂ ရက်က နေပြည်တော်၌ ပြုလုပ်သည့် COVID-19 ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စေရေးနှင့် လူနာသေဆုံးမှုများ ကျဆင်းစေရေး ဆွေးနွေးပွဲမှ ရရှိသည့် အချက်အလက်အရ သိရသည်။

တစ်ကမ္ဘာလုံး၏ အာရုံစူးစိုက်မှုများသည် COVID-19 ကပ်ရောဂါ အကြပ်အတည်းအပေါ် ရောက်ရှိနေစဉ် နှစ်စဉ် လူ ၁ဒ သမရသန်းခန့်သည် HIV ပိုးကူးစက်ခံနေရ၍ မေ့လျော့မသွားရန် ဒီဇင်ဘာ ၁ ရက် World AIDS Day နေ့အထိမ်းအမှတ်အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

တစ်ကမ္ဘာလုံး၏ အာရုံစူးစိုက်မှုများသည် COVID-19 ကပ်ရောဂါ အကြပ်အတည်းအပေါ် ရောက်ရှိနေစဉ် နှစ်ပေါင်း ၄၀ နီးပါး ကျွနု်ပ်တို့နှင့်အတူ ရှိနေဆဲဖြစ်သော HIV ပိုးကြောင့် ဖြစ်ပေါ်လာသော ခုခံအား ကျဆင်းမှု ကူးစက်ရောဂါကိုလည်း မေ့လျော့မသွားရန် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့က သတိပေးနေပါကြောင်း၊ HIV ပိုးကူးစက်ခံရခြင်းမှတစ်ဆင့် ဖြစ်ပေါ်လာသော ခုခံအား ကျဆင်းသည့် ရောဂါလက္ခဏာစုကို ကိုင်တွယ်ထိန်းချုပ်ရာတွင် သိသာထင်ရှားသည့် အောင်မြင်မှုများ ရှိနေသော်လည်း ကမ္ဘာပေါ်တွင် နှစ်စဉ် လူ ၁ ဒသမ ၇ သန်းခန့်သည် HIV ပိုးဆက်လက် ကူးစက်ခံနေရပြီး ထိုရောဂါပိုးကြောင့် သေဆုံးသူဦးရေမှာ ၆၉၀၀၀၀ ခန့်ရှိကြောင်း၊ COVID-19 ကပ်ရောဂါသည် ကမ္ဘာပေါ်၌ ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်းမီရာတွင် မညီမျှခြင်းများ တည်ရှိနေသည်ကို ပိုမိုသတိထားလာ မိစေကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

Most Read

Most Recent