အသင်းခေါင်းဆောင် မက်ဆီကို ဘာစီလိုနာအသင်း အနားယူချိန် ပိုပေး

အသင်းခေါင်းဆောင် မက်ဆီကို ဘာစီလိုနာအသင်း အနားယူချိန် ပိုပေး
Published 28 December 2020

ဘာစီလိုနာအသင်းသည် အာဂျင်တီးနားနိုင်ငံသို့ ပြန်သွားသည့် အသင်းခေါင်းဆောင် မက်ဆီကို အားလပ်ရက်အနားယူချိန် ပိုပေးလိုက်ပြီး အီဘာနှင့်ပွဲပြီးမှ အသင်းနှင့် ပြန်လည်ပူးပေါင်းရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

မက်ဆီသည် ဗယ်လာဒိုလစ်နှင့်ပွဲအပြီးတွင် အာဂျင်တီးနားသို့ ပြန်သွားခဲ့ခြင်းဖြစ်ပြီး ခရစ္စမတ်ကာလကို မိသားစုနှင့်အတူ ဖြတ်သန်းခဲ့သည်။

ယခုအခါ ဟွယ်ဆကာနှင့် ယှဉ်ပြိုင်ကစားရမည့် ဇန်နဝါရီ (၃)ရက်မတိုင်မီသာ လေ့ကျင့်ခန်းပြန်ဆင်းရန် ခွင့်ပြုပေးခဲ့သည့်အတွက် နှစ်သစ်ကူးကာလကိုလည်း မိသားစုနှင့်အတူ ဆက်လက်ဖြတ်သန်းခွင့်ရမည်ဖြစ်သည်။

ဘာစီလိုနာအသင်းက ၎င်းတို့၏ထုတ်ပြန်ချက်ထဲတွင်မူ ညာဘက်ခြေချင်းဝတ် ဒဏ်ရာရရှိနေသည့် မက်ဆီကို အနားယူချိန် အပြည့်အဝရရှိစေရန် ယခုကဲ့သို့ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်းမှ အခြားကစားသမားများမှာ ပြီးခဲ့သည့်တနင်္ဂနွေနေ့တွင် လေ့ကျင့်မှု ပြန်လည်ပြုလုပ်ခဲ့ရပြီး မက်ဆီမှာမူ ဇန်နဝါရီ(၁)ရက်မှသာ ပြန်လည်လေ့ကျင့်ရမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent