ဇာဗီကို နည်းပြအဖြစ်ခန့်အပ်မည်ဟု ဗစ်တာဖောင့် ကတိပေး

ဇာဗီကို နည်းပြအဖြစ်ခန့်အပ်မည်ဟု ဗစ်တာဖောင့် ကတိပေး
Photo: Marca
Photo: Marca
Published 24 December 2020

ဘာစီလိုနာဥက္ကဋ္ဌရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ ဗစ်တာဖောင့်က မိမိသာ အသင်းဥက္ကဋ္ဌ ဖြစ်လာပါက အသင်းဂန္ထဝင်ကစားသမား ဇာဗီကို နည်းပြအဖြစ် ခန့်အပ်သွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် အသင်းဥက္ကဋ္ဌ ဘာတိုမူ ရာထူးမှ နုတ်ထွက်ခဲ့ရာ ဘာစီလိုနာအသင်းအနေဖြင့် လစ်လပ်နေသည့် ဥက္ကဋ္ဌရာထူးအတွက် ရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၂၄)ရက်တွင် ကျင်းပမည်ဖြစ်သည်။

ယင်းရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဗစ်တာဖောင့်က ''တကယ်လို့ ကျွန်တော်သာ ဘာစီလိုနာဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရမယ်ဆိုရင် ဇာဗီက နည်းပြဖြစ်လာမှာပါ။ တကယ်လို့ ကျွန်တော်သာ ဥက္ကဋ္ဌအဖြစ် ရွေးချယ်မခံရဘူးဆိုရင်တော့ တစ်ရာသီစာလက်မှတ်ကိုင်ဆောင်သူအားလုံးအတွက် ကျွန်တော် စိုက်ပေးသွားမှာပါ''ဟု ဆိုခဲ့သည်။

၎င်းက ဇာဗီသည် မက်ဆီကို အသင်းတွင်ဆက်ရှိရန်ဆွဲဆောင်နိုင်မည်ဟုလည်း ဆိုခဲ့သည်။ 

Most Read

Most Recent