လူကာကူအတွက် ဘယ်လ်ဂျီယံနှင့် အင်တာမီလန် ပြဿနာတက်

လူကာကူအတွက် ဘယ်လ်ဂျီယံနှင့် အင်တာမီလန် ပြဿနာတက်
Published 9 November 2020

တိုက်စစ်မှူး လူကာကူနှင့် ပတ်သက်၍ အင်တာမီလန်နှင့် ဘယ်လ်ဂျီယံအသင်းတို့ကြား ပြဿနာဖြစ်ပွားနေကြောင်း သိရသည်။ 

လူကာကူသည် ဒဏ်ရာပြဿနာကြောင့် အင်တာမီလန်အသင်း၏ ပွဲစဉ်အချို့ကို လွဲချော်ခဲ့သော်လည်း ဘယ်လ်ဂျီယံအသင်းသည် လာမည့်နိုင်ငံတကာပွဲစဉ်များအတွက် လူကာကူအား ရွေးချယ်ခဲ့သည်။

အင်တာမီလန်အသင်းဘက်က  လူကာကူ၏ ကြံ့ခိုင်မှုအခြေအနေ ရာနှုန်းပြည့်မကောင်းမွန်သေးချိန်တွင် ရွေးချယ်ခဲ့ခြင်းအတွက် ဘယ်လ်ဂျီယံအသင်းကို ဝေဖန်ခဲ့သည်။ 

ထို့ပြင် နိုင်ငံတကာပွဲများကစားပြီး ပြန်လည်ရောက်ရှိလာပါက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ရှိလာနိုင်သဖြင့် အင်တာမီလန်အသင်းမှ စိုးရိမ်နေခြင်းဖြစ်သည်။ 

လူကာကူသည် ပြီးခဲ့သည့် ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲ၊ ပါးမားအသင်းနှင့် စီးရီးအေပွဲစဉ်များ လွဲချော်ခဲ့ပြီး အတ္တလန်တာအသင်းနှင့်ပွဲတွင်မူ အင်တာမီလန်အသင်း လူစာရင်း၌ ပြန်လည်ပါဝင်ခဲ့ပြီး လူစားဝင် ကစားခဲ့ကြောင်း သိရသည်။

Most Read

Most Recent