ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကိုယ်တိုင် ရပ်ရှ်ဖို့ဒ်ကို ဖုန်းခေါ်ဆို၍ အခမဲ့ကျွေးမွေးမှုအစီအစဉ်အတွက် ပေါင်သန်း ၁၇၀ ခွင့်ပြုမည်ဟု အသိပေး

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကိုယ်တိုင် ရပ်ရှ်ဖို့ဒ်ကို ဖုန်းခေါ်ဆို၍ အခမဲ့ကျွေးမွေးမှုအစီအစဉ်အတွက် ပေါင်သန်း ၁၇၀ ခွင့်ပြုမည်ဟု အသိပေး
Photo : Daily Mail
Photo : Daily Mail
Published 9 November 2020

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် စနေနေ့က ယှဉ်ပြိုင်ကစားသည့် အဲဗာတန်-မန်ယူပွဲစဉ်အပြီးတွင် မန်ယူအသင်းတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ထံ ကိုယ်တိုင်ဖုန်းခေါ်ဆို၍ စာသင်ကျောင်းများ၌ အခမဲ့ကျွေးမွေးမှု အစီအစဉ်အတွက် ပေါင်သန်း ၁၇၀ သုံးစွဲရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်း အသိပေးပြော ကြားခဲ့သည်။

ရပ်ရှ်ဖို့ဒ်သည် ဗြိတိန်ရှိ ကလေးငယ်များ အစားအစာဆင်းရဲချို့တဲ့မှု ပပျောက်ရေးအတွက် ဦးဆောင်လှုပ်ရှားလျက်ရှိပြီး စာသင်ကျောင်းများ၌ အခမဲ့ကျွေးမွေးသည့်အစီအစဉ်ကို လာမည့်နှစ် အီစတာပွဲတော်အား လပ်ရက် (ဧပြီ) အထိ ဆက်လက်တိုးမြှင့်ပေးရန် တောင်းဆိုထားသည်။ 

ယင်းတောင်းဆိုမှုကို ပြီးခဲ့သည့်လအတွင်း ဗြိတိန်လွှတ်တော်၌ အဆိုပြုဆွေးနွေး၍ မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့သော်လည်း စနေနေ့တွင် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကိုယ်တိုင် ဖုန်းခေါ်ဆို၍ အစီအစဉ်သစ်များအတွက် အသိပေးပြောကြား ခဲ့ခြင်းဖြစ်သည်။ 

''ဒီနေ့ကစားတဲ့ပွဲအပြီးမှာ ကျွန်တော်နဲ့ ဝန်ကြီးချုပ်တို့ ကောင်းမွန်တဲ့ ဆွေးနွေးမှုလုပ်ခဲ့ပါတယ်။ ကျွန်တော်အဆိုပြုထားတဲ့အစီအစဉ်ကို သူပိုပြီးနားလည်လာအောင် ဆွေးနွေးခဲ့ပါတယ်။ ဗြိတိန်ရဲ့ ကလေးသူငယ်အစားအစာဆင်းရဲချို့တဲ့မှု တိုက်ဖျက်ရေးအတွက် ဆောင်ရွက်နေတဲ့ ခြေလှမ်းတွေကို ကျွန်တော် အားရဝမ်းသာကြိုဆိုပါတယ်။ လုပ်စရာတွေတော့ အများကြီးကျန်ပါသေးတယ်။ ကျွန်တော် လောလောဆယ်စိုးရိမ်နေတာက ခန့်မှန်းခြေ ၁ ဒသမ ၇ သန်းလောက် ရှိတဲ့ ကလေးငယ်တွေ အခမဲ့စားသောက်ခွင့် အစီအစဉ် ဆုံးရှုံးသွားမှာကိုပါ။ အစိုးရက ဒီကနေ့ပြသခဲ့တဲ့ ရည်ရွယ်ချက်ကတော့ အပြုသဘောဆောင်ရုံတင်မကဘဲ အသိအမှတ်ပြုသင့်ပါတယ်''ဟု ရပ်ရှ်ဖို့ဒ်က ဆိုသည်။

Most Read

Most Recent