စီရော်နယ်လ်ဒိုကို မကောင်းဆိုးဝါးဟု ဒီဘားလား ခေါ်ဝေါ်သုံးနှုန်းခဲ့

စီရော်နယ်လ်ဒိုကို မကောင်းဆိုးဝါးဟု ဒီဘားလား ခေါ်ဝေါ်သုံးနှုန်းခဲ့
Photo : Ace Football
Photo : Ace Football
Published 9 November 2020

ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားသည် ပြီးခဲ့သည့်လာဇီယိုအသင်းနှင့်ပွဲစဉ်၌ အသင်းဖော်စီရော်နယ်လ်ဒိုကို မကောင်းဆိုးဝါးဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ကြောင်း သိရသည်။ 

ပထမပိုင်းပွဲချိန် (၃၂)မိနစ်၌ စီရော်နယ်လ်ဒိုသည် လာဇီယိုအသင်းမှ လူးဝစ်ဖိလစ်ပီနှင့် ခေါင်းယှဉ်တိုက်ချိန်တွင် ဒဏ်ရာရရှိခဲ့ပုံပေါ်ခဲ့ခြင်း ဖြစ်သည်။ 

ယင်းအချိန်တွင် ဂျူဗင်တပ်စ်နည်းပြ ပီယာလိုသည် ဒီဘားလားကို သွေးပူလေ့ကျင့်ခန်းပြုလုပ်ခဲ့ပြီး စီရော်နယ်လ်ဒို မသက်သာပါက လူစားဝင်ကစားစေရန် ရည်ရွယ်ခဲ့သည်။

သို့သော် စီရော်နယ်လ်ဒိုသည် မိနစ်ပိုင်းအကြာတွင် ပြန်လည်ကောင်းမွန်လာသဖြင့် ဒီဘားလားသည် အရန်ခုံတန်းဘက်သို့ ပြန်လာပြီး အရန်ခုံတန်းပေါ်မှ အသင်းဖော်များကို  အီတလီဘာသာစကားဖြင့် ''ဘီလူးကြီး ပြန်ကောင်းသွားပြီ'' ဟု ပြောခဲ့ကြောင်း သိရသည်။ 

ဒီဘားလားသုံးနှုန်းခဲ့သည့် Bicho ဆိုသည့်စကားလုံးသည် အပြုသဘောဆောင်သော်လည်း အီတလီမီဒီယာများက စီရော်နယ်လ်ဒိုနှင့် အဆင်မပြေမှုများရှိနေနိုင်ကြောင်း ဖော်ပြခဲ့ သည်။ 

စီရော်နယ်လ်ဒိုသည် လာဇီယိုအသင်း နှင့် (၁-၁)ဂိုးစီ သရေကျခဲ့သည့်ပွဲတွင် ဂျူဗင်တပ်စ်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်သလို၊  နောက်ထပ်အခွင့်အရေးများ ရရှိသော်လည်း ဂိုးကံခေဲ့သည်။

Most Read

Most Recent