ရန်းစ်အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို ပူလီဆစ် လွဲချော်မည်ဟု လမ်းပတ် အတည်ပြု

ရန်းစ်အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို ပူလီဆစ် လွဲချော်မည်ဟု လမ်းပတ် အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 4 November 2020

ချယ်လ်ဆီးနည်းပြ လမ်းပတ်က အသင်းတောင်ပံကစားသမား ပူလီဆစ်အနေဖြင့် ရန်းစ်အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

အမေရိကန်တောင်ပံကစားသမား ပူလီဆစ်သည် တံကောက်ကြောဒဏ်ရာကြောင့် ၂၀၂၀-၂၁ ရာသီ ချယ်လ်ဆီးအသင်း၏ ရာသီအစပွဲစဉ် (၅)ပွဲကို လွဲချော်ခဲ့ပြီး အောက်တိုဘာ (၃)ရက်က ခရစ္စတယ်ပဲလေ့စ်အသင်းအား (၄-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် စတင်ကစားခဲ့သည်။ 

ယင်းနောက် ပူလီဆစ်သည် ချယ်လ်ဆီးအသင်းအတွက် (၄)ပွဲဆက်တိုက် ပါဝင်ကစားခဲ့ပြီး ဘန်လေအသင်းနှင့်ကစားမည့် ပွဲစဉ်တွင် သွေးပူလေ့ကျင့်ခန်းပြုလုပ်နေစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ 

လမ်းပတ်က "ပူလီဆစ်ရဲ့ ဒဏ်ရာကို  Scan ရိုက်ကြည့်ခဲ့ပါတယ်။ တံကောက်ကြောမှာ ဒဏ်ရာအသေးစား ရရှိခဲ့တာပါ။ ဒါပေမဲ့ ရန်းစ်အသင်းနဲ့ ကစားမဲ့ ပွဲကိုတော့ သူ လွဲချော်မှာပါ။ ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ သူ ပါဝင်နိုင်မလားတော့ စောင့်ကြည့်ရမှာပါ။ သူဟာ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ကစားသမားဖြစ်ပြီး အသေးစားဒဏ်ရာဖြစ်လို့ တော်ပါသေးတယ်"ဟု ပြောကြားခဲ့သည်။ 

အသက် (၂၂)နှစ်အရွယ်ရှိ အမေရိကန်တောင်ပံကစားသမား ပူလီဆစ်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၅)ပွဲ ကစားထားပြီး (၁)ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent