ချာဟာနိုဂလူးကို ခေါ်ယူရန် မန်ယူအသင်း စီစဉ်နေ

ချာဟာနိုဂလူးကို ခေါ်ယူရန် မန်ယူအသင်း စီစဉ်နေ
Photo: Getty Images
Photo: Getty Images
Published 30 October 2020

မန်ယူအသင်းသည် လာမည့်နွေရာသီတွင် အေစီမီလန်အသင်းနှင့် စာချုပ်ကုန်ဆုံးမည့် တူရကီကွင်းလယ်လူ ချာဟာနိုဂလူးကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ 

ချာဟာနိုဂလူးကို အေစီမီလန်အသင်းက သက်တမ်းတိုးလိုသော်လည်း တစ်ပတ်ပေါင်(၅၄ဝဝဝ)ဖြင့်သာ ကမ်းလှမ်းခဲ့သည့်အတွက် ချာဟာနိုဂလူးက ငြင်းပယ်ထားကြောင်း သိရသည်။ 

ထို့ကြောင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိမည့် ချာဟာနိုဂလူးကို မန်ယူအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်ပြီး (၅)နှစ် စာချုပ်ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။ 

အသက် (၂၆)နှစ်အရွယ်ရှိ တူရကီကွင်းလယ်လူ ချာဟာနိုဂလူးကို ခေါ်ယူရန် မန်ယူအသင်းအပြင် ဥရောပကလပ်အသင်းများစွာက စိတ်ဝင်စားနေကြောင်းလည်း သိရသည်။

ချာဟာနိုဂလူးသည် ယခုရာသီတွင် အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၈)ပွဲတွင် (၄)ဂိုး သွင်းယူပေးထားသည်။ 

Most Read

Most Recent