ပြင်သစ်သမ္မတ မက်ခရွန်၏မှတ်ချက်စကားကြောင့် လက်ရွေးစင်အသင်းမှ အနားယူတော့မည်ဟု သတင်းဖော်ပြခဲ့မှုများအား ဥပဒေကြောင်းအရ ပေါ့ဘာ တရားစွဲဆိုမည်

ပြင်သစ်သမ္မတ မက်ခရွန်၏မှတ်ချက်စကားကြောင့် လက်ရွေးစင်အသင်းမှ အနားယူတော့မည်ဟု သတင်းဖော်ပြခဲ့မှုများအား ဥပဒေကြောင်းအရ ပေါ့ဘာ တရားစွဲဆိုမည်
Photos : Getty Images
Photos : Getty Images
Published 28 October 2020

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် ၏မှတ်ချက်စကားကြောင့် ပြင်သစ်လက်ရွေးစင်အသင်းမှ အနားယူတော့မည်ဟု သတင်းဖော်ပြခဲ့မှုများအား ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဟု မန်ယူကွင်းလယ်လူ ပေါ့ဘာက Instagram မှတစ်ဆင့် အတည်ပြုကြေညာခဲ့သည်။

ယင်းသတင်းများမှာ အရှေ့အလယ်ပိုင်း မီဒီယာများမှတစ်ဆင့် ထွက်ပေါ်လာခြင်းဖြစ်ပြီး ဗြိတိန်သတင်းစာ The Sun က ထပ်မံဖော်ပြခဲ့ခြင်းဖြစ်သည်။ "တချို့မီဒီယာသတင်း ရင်းမြစ်တွေက ပြင်သစ်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေ၊ ကျွန်တော့်ရဲ့ကိုးကွယ်ရာဘာသာတွေနဲ့ ချိန်ထိုးပြီး သတင်းခေါင်းစီးဖြစ်စေမဲ့ အတုတွေဖန်တီးနေကြလို့ ကျွန်တော့်အနေနဲ့ တုန်လှုပ်ချောက်ချားမိပါတယ်။ ဒေါသလည်းထွက်ပြီး ထိတ်လန့်ရတဲ့အပြင် ဒါက ကျွန်တော့်ကို နှောင့်ယှက်တာပါ။ ဒီရာနှုန်းပြည့်သတင်းအမှား ဖန်တီးခဲ့တဲ့ ထုတ်ဝေသူတွေ၊ ပျံ့နှံ့စေသူတွေကို ဥပဒေကြောင်းအရ တရားစွဲဆိုသွားမှာဖြစ်ပါတယ်" ဟု ပေါ့ဘာ က သူ၏ Instagram မှတစ်ဆင့် သတင်းထုတ် ပြန်ခဲ့သည်။ ပေါ့ဘာသည် ယင်းသို့ တရားစွဲဆိုရန်မဆုံးဖြတ်မီ နာရီပိုင်းအတွင်းကလည်း The SUn မှဖော်ပြသည့်သတင်းကို Fake News ဆိုသည့်စာသားရေးထိုးကာ Instagram တွင် တင်ရှိခဲ့သည်။ 

ပြင်သစ်နိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကျောင်းဆရာတစ်ဦး ခေါင်းဖြတ် အသတ်ခံခဲ့ရသည့် ဖြစ်ရပ်တွင် ဘာသာရေးဆိုင်ရာ အစွန်းရောက်အယူသီးမှု၏ အကျိုးဆက်တစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ယင်းအပေါ် ပြင်သစ်သမ္မတ မက်ခရွန် က လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့်နှင့် ဘာသာတရားအပေါ် လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ မကိုးကွယ်ခွင့်တို့ ရှိ ကြောင်းကိုလည်း မှတ်ချက်ပြု ပြောကြားခဲ့ပြီး၊ ဘာသာရေးအစွန်းရောက် သတ်ဖြတ်ခဲ့သူများကိုလည်း ဝေဖန်ခဲ့သည်။

 

ထို့ ပြင် ပြင်သစ် အစိုးရက အသတ်ခံခဲ့ရသည့် ကျောင်းဆရာကိုလည်း ဂုဏ်ပြုပေးရန် ဆုံးဖြတ်ခဲ့သည်။ကျောင်းဆရာတစ်ဦးဖြစ်သူ ဆမ်မြူရယ်ပါတေသည် လွတ်လပ်စွာပြောဆိုခွင့်၏ အ ရေးပါပုံအကြောင်းကို ရှင်းပြခြင်းကြောင့် ကျောင်းခန်းတွင်း ပြဿနာဖြစ်ပွားခဲ့ကာ နောက်ပိုင်းတွင် အသတ်ခံခဲ့ရခြင်းဖြစ်ပြီး ပြင်သစ်အစိုးရက ၎င်းအား ပြင်သစ်နိုင်ငံ၏ နိုင်ငံသားများဆိုင်ရာ အမြင့်ဆုံးဂုဏ်ထူး ဆောင်ဆုကို ချီးမြှင့်ပေးခဲ့ခြင်းဖြစ်ပြီး၊ သမ္မတမက်ခရွန်က ယင်းလူသတ်မှုနှင့် ပတ်သက်ပြီး "ဘာသာရေးအစွန်းရောက်သတ် ဖြတ်မှု"အဖြစ်ခေါင်းစဉ်တပ်ကာ ဘာသာတရားအပေါ် ထိပါးသည်ဟု ပေါ့ဘာက ယူဆသည့် စကားလုံးအချို့ကို ပြောဆိုခဲ့ကြောင်းလည်း မီဒီယာများကဆိုသည်။ 

ယင်းအတွက် ကြောင့် ပေါ့ဘာသည် အချို့သောအစွန်းရောက်များ၏ လုပ်ရပ်အတွက် ဘာသာတရားအပေါ် ဝေဖန်ခြင်းကို မကျေမနပ်ဖြစ်ကာ နိုင်ငံအသင်းမှ အနားယူရန် ဆုံးဖြတ်ခဲ့သည် ဟု ယင်းသတင်းများက ရေးသားခဲ့သည်။

Most Read

Most Recent