မန်စီးတီးအသင်း၏ ဒဏ်ရာစာရင်းတွင် ဖာနန်ဒင်ဟို ထပ်တိုးလာပြီး (၄) ပတ်မှ (၆)ပတ်ခန့် အနားယူရမည်

မန်စီးတီးအသင်း၏ ဒဏ်ရာစာရင်းတွင် ဖာနန်ဒင်ဟို ထပ်တိုးလာပြီး (၄) ပတ်မှ (၆)ပတ်ခန့် အနားယူရမည်
Photo: Sky Sports
Photo: Sky Sports
Published 23 October 2020

မန်စီးတီးအသင်း၏ ဒဏ်ရာရကစား သမားစာရင်းတွင် ဝါရင့်ကွင်းလယ်လူ ဖာနန်ဒင်ဟို ထပ်တိုးလာပြီး ခြေထောက်ဒဏ်ရာ ကြောင့် (၄)ပတ်မှ (၆)ပတ်ခန့် အနားယူ ရမည်ဖြစ်ကြောင်း သိရသည်။

    

အသက် (၃၄)နှစ်အရွယ်ရှိ ဘရာဇီးလ်ဝါရင့်ကွင်းလယ်အဖျက်ကစားသမား ဖာနန်ဒင်ဟိုသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် ပေါ်တိုအသင်းအား (၃-၁)ဂိုးဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် ဒုတိယပိုင်း (၈၅) မိနစ်မှသာ လူစားဝင်လာသော်လည်း ဒဏ်ရာရရှိသွားသဖြင့် နာကျင်အချိန်ပိုတွင် လူစားပြန်လဲခဲ့ရသည်။ 

"ဒါက သတင်းဆိုးပါပဲ။ (၄) ပတ်ကနေ (၆)ပတ်လောက် နားရမယ်လို့ ကျွန်တော်ထင်တယ်။ ဒီလောက် ပွဲတွေအများကြီးလွဲချော်မှာက ကျွန်တော်တို့ အတွက် ထိုးနှက်ချက်ပါပဲ"ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားသည်။ 

မန်စီးတီးအသင်းတွင် ဂျေးဇူး၊ အကီ၊ မန်ဒီ၊ ဒီဘရိုင်းနားနှင့် လာပေါ့တ်တို့မှာ ဒဏ်ရာပြဿနာများ ရှိနေကြောင်း သိရသည်။ 

ဒီဘရိုင်းနားနှင့် လာပေါ့တ်မှာ ကြာသပတေးနေ့တွင် စတင်လေ့ကျင့်နိုင်ခဲ့သော်လည်း လာမည့်စနေနေ့တွင် ဝက်စ်ဟမ်းအသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွင် ပါဝင်ရန် မသေချာသေးကြောင်း သိရသည်။

Most Read

Most Recent