စီးရီးအေအနေဖြင့် ဗိုင်းရပ်စ်အန္တရာယ်ကို လျှော့မတွက်သင့်ဘဲ Plan B ကို ပြင်ဆင်ထားသင့်သည်ဟု အီတလီအားကစားဝန်ကြီး သတိပေး

စီးရီးအေအနေဖြင့် ဗိုင်းရပ်စ်အန္တရာယ်ကို လျှော့မတွက်သင့်ဘဲ Plan B ကို ပြင်ဆင်ထားသင့်သည်ဟု အီတလီအားကစားဝန်ကြီး သတိပေး
Published 22 October 2020

အီတလီအားကစားဝန်ကြီး စပါဒါဖိုရာက စီးရီးအေအနေဖြင့် ဗိုင်းရပ်စ်အန္တရာယ်ကို လျှော့မတွက်သင့်ဘဲ Plan B ၊ Plan C များကို ကြိုတင်ပြင်ဆင်ထားသင့်သည်ဟု သတိပေးပြောကြားခဲ့သည်။

COVID-19 ဒုတိယလှိုင်းကြောင့် အီတလီနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှု တစ်ဖန်ပြန်မြင့်တက်လာပြီး ဘောလုံးအသိုင်းအဝိုင်းအတွင်း၌လည်း ကူးစက်မှုများပြားလျက်ရှိသည်။

သို့ဖြစ်ရာ စီးရီးအေပြိုင်ပွဲမှ တာဝန်ရှိသူများအနေဖြင့် ဗိုင်းရပ်စ်အန္တရာယ်ကို လျှော့မတွက်ဘဲ Plan B ၊ Plan C များဆွဲကာ ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း အားကစားဝန်ကြီး စပါဒါဖိုရာက သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

စပါဒါဖိုရာက ''အစိုးရက အားကစားလှုပ်ရှားမှုတွေကို ကြားဝင်ပြီး ပံ့ပိုးပေးဖို့ ကတိပြုထားပေမဲ့ လက်ရှိမှာ ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်နေရပြီး အန္တရာယ်ကို လျှော့မတွက်သင့်ပါဘူး။ ပြိုင်ပွဲရပ်ဆိုင်းလိုက်ရတာကို ရှောင်ဖို့ဆိုရင် ကျွန်တော့်အနေနဲ့ ထပ်မံအသိပေးပြောချင်တာက သက်ဆိုင်ရာလိဂ်တွေအနေနဲ့ Plan B တွေ၊ Plan C တွေ ပြင်ဆင်ထားသင့်တယ်လို့ပါ။ ဒီပုံစံအတိုင်း ဆက်သွားလို့ ဖြစ်နိုင်သလား ကျွန်တော် မသိပါဘူး။ စီးရီးအေအတွက်ရော၊ တခြားအရာတွေအတွက်ရော ဘာမှသေချာရေရာတာ မရှိပါဘူး။ ဒါကြောင့် အစီအစဉ်သစ်တွေကို ပြင်ဆင်ထားသင့်ပါတယ်။ ပိုးကူးစက်မှုတွေ မြင့်တက်လာလို့ ကျွန်တော်ဟာ Protocol ကို ပြောပြထားပြီးသားပါ။ ဒါပေမဲ့ အသင်းတွေနဲ့ ကစားသမားတွေက ဒါကို မလိုက်နာရင် ဘာမှလုပ်လို့မရပါဘူး''ဟု La7 ရုပ်သံသို့ ပြောကြားခဲ့သည်။

 

Most Read

Most Recent