လာမည့်နွေရာသီတွင် ဘာပေအား ခေါ်ယူရန် အဆင်မပြေပါက ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို ကမ်းလှမ်းရန် ရီးယဲလ် စီစဉ်နေ

လာမည့်နွေရာသီတွင် ဘာပေအား ခေါ်ယူရန် အဆင်မပြေပါက ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို ကမ်းလှမ်းရန် ရီးယဲလ် စီစဉ်နေ
Published 15 October 2020

ရီးယဲလ်အသင်းအနေဖြင့် လာမည့် ၂၀၂၁ ခုနှစ် နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ဘာပေကိုခေါ်ယူရန် ပြန်လည်ကြိုးပမ်းသွားမည်ဖြစ်ပြီး အဆင်မပြေပါက စာချုပ်လျော်ကြေးပေးချေကာ ခေါ်ယူနိုင်သည့် ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို အစားထိုးခေါ်ယူသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း Marca က ဖော်ပြခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် PSG တိုက်စစ်မှူး ဘာပေအား ခေါ်ယူရန် အဆင်မပြေပါက ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို အစားထိုးခေါ်ယူရန်စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။ 

ရီးယဲလ်အသင်းသည် ပြင်သစ်တိုက်စစ်မှူး ဘာပေအား ခေါ်ယူရန် ကာလရှည်စိတ်ဝင်စားနေသော်လည်း ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ ဈေးကွက်တွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့်  ကစားသမားသစ် ခေါ်ယူနိုင်ခဲ့ခြင်းမရှိပေ။ 

သို့သော် ရီးယဲလ်အသင်းအနေဖြင့် လာမည့် ၂၀၂၁ ခုနှစ် နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ဘာပေကိုခေါ်ယူရန် ပြန်လည်ကြိုးပမ်းသွားမည်ဖြစ်ပြီး အဆင်မပြေပါက စာချုပ်လျော်ကြေးပေးချေကာ ခေါ်ယူနိုင်သည့် ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို အစားထိုးခေါ်ယူသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း Marca က ဖော်ပြခဲ့သည်။ 

ဘာပေသည် လက်ရှိတွင် PSG အသင်းနှင့် စာချုပ်သက်တမ်း (၂) နှစ်ကျန်ရှိနေသေးပြီး PSG အသင်းက ၎င်းကို စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။ 

ထို့ကြောင့် ရီးယဲလ်အသင်းသည် ဘာပေကိုခေါ်ယူရန် အဆင်မပြေပါက ဟော် လန်းကို ခေါ်ယူလိုနေပြီး ၎င်း၏ စာချုပ်လျော်ကြေးမှာ ပေါင် (၆၃)သန်းသာရှိကြောင်း သိရသည်။ 

ရီးယဲလ်အသင်း၏ တိုက်စစ်ပိုင်းတွင် တိုက်စစ်မှူးစစ်စစ်အဖြစ် လက်ရှိတွင် ဘန်ဇီမာနှင့် ယိုဗစ်တို့သာ ရှိပြီး ဘန်ဇီမာမှာ အသက်အရွယ်ရလာပြီဖြစ်ကာ ယိုဗစ်မှာ ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသည်။ 

ထို့ကြောင့် ရီးယဲလ်အသင်းသည် လာမည့်နွေရာသီတွင် ဘာပေနှင့် ဟော်လန်းတို့ထဲမှ တစ်ဦးကို အရခေါ်ယူသွားမည်ဟုလည်း Marca က ဖော်ပြခဲ့သည်။

Most Read

Most Recent