ပရီးမီးယားလိဂ်အသင်းအရေအတွက်ကို လျှော့ချမည့် "Project Big Picture" အဆိုပြုမှုအတွက် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် အလွန်အမင်းစိုးရိမ်

ပရီးမီးယားလိဂ်အသင်းအရေအတွက်ကို လျှော့ချမည့် "Project Big Picture" အဆိုပြုမှုအတွက် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် အလွန်အမင်းစိုးရိမ်
Photos : Getty Images & AFP
Photos : Getty Images & AFP
Published 14 October 2020

Project Big Picture အဆိုပြုမှုကို တရားဝင်ချပြခြင်းမှာ COVID-19 ရာဂါကြောင့် အောက်တန်းလိဂ်မှအသင်းများ ငွေကြေးအခက်အခဲကြုံတွေ့နေချိန်တွင် ပရီးမီးယားလိဂ်ကို အပြောင်းအလဲပြုလုပ်ခြင်းဖြင့် အကူအညီပေးနိုင်မည်ဟူသော အကြောင်းပြချက်အပေါ် အခြေခံကြောင်း သိရသည်။

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်နှင့် မန်ယူအသင်းတို့က ဦးဆောင်၍ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အသင်း ၂၀ မှ ၁၈ သင်းသို့ လျှော့ချနိုင်ရန် ကြိုးပမ်းလျက်ရှိသည့် "Project Big Picture"အဆိုပြုမှုအတွက် ဗြိတိန်ဝန်ကြီးချုပ်ဖြစ်သူ ဘောရစ်ဂျွန်ဆင်က အလွန်အမင်းစိုးရိမ်နေသည်ဟု သတင်းများက ဖော်ပြခဲ့သည်။ 

" နောက်ကွယ်ကညှိနှိုင်းမှုတွေဟာ ဘောလုံးရဲ့အုပ်ချုပ်မှုယန္တရားအပေါ် ယုံကြည်မှု လျော့ပါးစေနိုင်တယ်ဆိုတာ အသေအချာပါပဲ။ EFL လက်အောက်က ကလပ်အသင်းတွေကို ထောက်ပံ့ဖို့ဆိုတဲ့ စကားကို ပြန်ကောက်ရရင် ကျွန်တော်တို့အနေနဲ့ COVID ကြောင့် အသင်းတွေမဖျက်သိမ်းစေရဖို့အတွက် ပရီးမီးယားလိဂ်နဲ့ EFL ကလပ်အသင်းတွေကို အာမခံချက်ပေးပြီးသားပါ။ ပရီးမီးယားလိဂ် နဲ့ EFL အနေနဲ့ ဘောလုံးမိသားစုတစ်ခုလုံးရဲ့ရည်မှန်းချက်အမျိုးမျိုးအတွက် စုပေါင်းဆောင်ရွက်ကြရန် လေးလေးနက်နက်တိုက်တွန်းလိုပါတယ်" ဟု ဝန်ကြီးချုပ်၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက  အတည်ပြုပြောကြားခဲ့သည်။ 

Project Big Picture အဆိုပြုမှုကို တရားဝင်ချပြခြင်းမှာ COVID-19 ရာဂါကြောင့် အောက်တန်းလိဂ်မှအသင်းများ ငွေကြေးအခက်အခဲကြုံတွေ့နေချိန်တွင် ပရီးမီးယားလိဂ်ကို အပြောင်းအလဲပြုလုပ်ခြင်းဖြင့် အကူအညီပေးနိုင်မည်ဟူသော အကြောင်းပြချက်အပေါ် အခြေခံကြောင်း သိရသည်။ ယင်းအဆိုပြုမှုအတွက် ပရီးမီးယာားလိဂ်အသင်း ၂၀ ၏ အရေးပေါ်အစည်းအဝေးကို ယခုရက်သတ္တပတ်နှောင်းပိုင်းတွင် ကျင်းပသွားဖွယ်ရှိသည်ဟုသိရသည်။ 

လီဗာပူးလ် နှင့် မန်ယူအသင်းပိုင်ရှင်များ ဦးဆောင်သည့် ယင်းအစီအစဉ်ကို ထောက်ခံသည့်အသင်းမှာ ယင်းအသင်းနှစ်သင်းသာရှိပြီး လိဒ်စ်၊ ဝက်စ်ဟမ်း၊ ခရစ္စတယ်ပဲလေ့စ်၊ ဘရိုက်တန်၊ ဝက်စ်ဘရွန်း၊ ဘန်လေ၊ ရှက်ဖီးယူနိုက်တက်နှင့် ဖူလ်ဟမ်အသင်းများက ဆန်ကျင်ခဲ့ကြသည်။  မှတ်ချက်မပေးသည့်အသင်းများမှာ မန်စီးတီး၊ အာဆင်နယ်၊ ချယ်လ်ဆီးနှင့် စပါးစသည့် ထိပ်သီးအသင်းများအပါအဝင် ၁၀ သင်းအထိကျန်ရှိနေကြောင်း သိရသည်။

Most Read

Most Recent