ဘာစီလိုနာမှထွက်ခွာခဲ့ရခြင်းအတွက် နာကျင်စွာခံစားခဲ့ရကြောင်း ဆွာရက်ဇ် ဖွင့်ဟ

ဘာစီလိုနာမှထွက်ခွာခဲ့ရခြင်းအတွက် နာကျင်စွာခံစားခဲ့ရကြောင်း ဆွာရက်ဇ် ဖွင့်ဟ
Photos: Getty Images
Photos: Getty Images
Published 9 October 2020

အက်သလက်တီကိုတိုက်စစ်မှူး ဆွာရက်ဇ်က မိမိအနေဖြင့် ဘာစီလိုနာအသင်းမှထွက်ခွာခဲ့ခြင်းအတွက် နာကျင်စွာခံစားခဲ့ရကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ 

မက်ဆီသည် အက်သလက်တီကိုအသင်းထံသို့ ဆွာရက်ဇ်ကို ရောင်းချခဲ့ခြင်းနှင့်ပတ်သက်ပြီး ဘာစီလိုနာအသင်းကို ဝေဖန်ပြစ်တင်ခဲ့ကာ ဆွာရက်ဇ်ကို အနည်းဆုံးနှုတ်ဆက်ပွဲလုပ်ပေးခဲ့သင့်သည်ဟု ၎င်း၏ Instagram တွင် ရေးတင်ခဲ့သည်။ 

ဆွာရက်ဇ်က မက်ဆီအနေဖြင့် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းကို မအံ့သြကြောင်းနှင့် မိမိအနေဖြင့် မက်ဆီကဲ့သို့ပင် ခံစားရကြောင်း ချီလီအသင်းအား (၂-၁)ဂိုးဖြင့် အနိုင်ရသည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ 

ဆွာရက်ဇ်က "မက်ဆီရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော် မအ့ံသြပါဘူး။ ဘာလို့လဲဆိုတော့ မက်ဆီအကြောင်းကို ကျွန်တော် ကောင်းကောင်းသိပြီး ကျွန်တော်ကိုယ်တိုင်လည်း မက်ဆီလိုပဲ ခံစားခဲ့ရလို့ပါ။ မက်ဆီက ကျွန်တော့် သူငယ်ချင်းပါ။ ဘာစီလိုနာမှာ ကျွန်တော်တို့ ဘယ်လိုခံစားခဲ့ရတယ်ဆိုတာ သူ ကောင်းကောင်းသိပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဆွာရက်ဇ်က ဘာစီလိုနာအသင်းသည် မိမိအား အသုံးမပြုတော့ဟုဆိုကာ တစ်ဦးတည်းလေ့ကျင့်ခိုင်းခဲ့သည့်အတွက် ဆိုးရွားစွာခံစားခဲ့ရကြောင်းလည်း ပြောကြားခဲ့သည်။ 

"ဘာစီလိုနာအသင်းမှာ ကျွန်တော် ထူးထူးဆန်းဆန်းကြုံတွေ့ခဲ့ရတာ တချို့လည်း ရှိပါတယ်။ ကျွန်တော့်ကို အသင်းကြီးမှာ အသုံးမပြုတော့ဘူးဆိုပြီး တစ်ယောက်လည်း လေ့ကျင့်ခိုင်းတာမျိုးပေါ့။ ဒါက တော်တော်လေး ဆိုးပါတယ်။ ဒါတွေကို ကျွန်တော် မိသားစုတွေက မြင်နေရတော့ ကျွန်တော့်ကို အားပေးကြပါတယ်။ အဲဒီအချိန်မှာ အက်သလက်တီကိုက ကျွန်တော့်ကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး ချက်ချင်းပဲ ကျွန်တော် လက်ခံခဲ့တာပါ။ အခု အက်သလက်တီကိုမှာ ကျွန်တော် ပျော်နေပါပြီ"ဟု ဆွာရက်ဇ်က ပြောကြားခဲ့သည်။ 

Most Read

Most Recent