COVID-19 ကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် ကြုံတွေ့လျက်ရှိသည့် အခက်အခဲများ ကျော်လွှားနိုင်ရန် ဗြိတိန်နိုင်ငံက ဆက်လက်အကူအညီပေးရန် မြန်မာ-ဗြိတိန် ဆွေးနွေး

COVID-19 ကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် ကြုံတွေ့လျက်ရှိသည့် အခက်အခဲများ ကျော်လွှားနိုင်ရန် ဗြိတိန်နိုင်ငံက ဆက်လက်အကူအညီပေးရန် မြန်မာ-ဗြိတိန် ဆွေးနွေး
 COVID-19 ကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် ကြုံတွေ့လျက်ရှိသည့်အခက်အခဲများ ကျော်လွှားနိုင်ရန် ဗြိတိန်နိုင်ငံ ဆက်လက်အကူအညီပေးရန် မြန်မာ-ဗြိတိန် ဆွေးနွေးစဉ်
COVID-19 ကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် ကြုံတွေ့လျက်ရှိသည့်အခက်အခဲများ ကျော်လွှားနိုင်ရန် ဗြိတိန်နိုင်ငံ ဆက်လက်အကူအညီပေးရန် မြန်မာ-ဗြိတိန် ဆွေးနွေးစဉ်
Published 23 September 2020
နီလာ

COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် ကြုံတွေ့ရလျက်ရှိသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် ဗြိတိန်နိုင်ငံက ဆက်လက်အကူအညီပေးအပ်ရန် မြန်မာ-ဗြိတိန် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ဗြိတိန်နိုင်ငံ Foreign, Commonwealth and Development Office (FCDO) ၏ Minister of State for Pacific and the Environment ဖြစ်သူ The Rt.Hon Lord Goldsmith နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး Mr.Dan Chugg တို့ စက်တင်ဘာ ၂၂ ရက်က Video Conferencing စနစ်ဖြင့် ဆွေးနွေးစဉ် အထက်ပါကိစ္စ ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

The Rt.Hon Lord Goldsmith က နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက်မှုနှင့်အတူ သဘာဝပတ်ဝန်းကျင်နှင့်စပ်လျဉ်း၍ သစ်တောများ ထိန်းသိမ်းရေးနှင့် သစ်တောပြုန်းတီးမှု ကာကွယ်ရေးလုပ်ငန်းများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ၌ ဗြိတိန်နိုင်ငံမှ လုပ်ငန်းရှင်များ ပိုမိုရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းကောင်းများနှင့် ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် ကြုံတွေ့လျက်ရှိသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် ဗြိတိန်နိုင်ငံက ဆက်လက်အကူအညီပေးအပ်သွားမည့် ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

UK aid အစီအစဉ်မှတစ်ဆင့် မြန်မာနိုင်ငံအား အကူအညီများပေးအပ်နေခြင်းအတွက် အသိအမှတ်ပြုကြောင်း၊ မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံအကြား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကြောင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကဏ္ဍတို့တွင် အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများကို ကုစားနိုင်ရေးအတွက် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ကပ်ရောဂါအလွန်တွင် ပြည်သူများ၏ လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ရာ၌ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိဘဲ ရေရှည်တည်တံ့စေမည့် နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

COVID-19 ကြောင့် ထိခိုက်ခဲ့သည့် မြန်မာ့စီးပွားရေး ပြန်လည်ထူထောင်ရန် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ချေးငွေဒေါ်လာ ၁ ဒသမ ၂၅ ဘီလျံရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားထားသည်။

“COVID-19 ကြောင့် ထိခိုက်သွားတဲ့ နိုင်ငံ့စီးပွားရေး ပြန်လည်ထူထောင်ဖို့ဆိုရင် ကျွန်တော်တို့က ငွေကြေးပမာဏ လိုပါတယ်။ အဲဒီအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဒေါ်လာသန်း ၇၀၀၊ ဂျပန်နိုင်ငံမှ ဒေါ်လာ သန်း ၂၇၀၊ ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၂၅၀၊ အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ သန်း ၃၀ စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၂၅ ဘီလျံ ရရှိထားပြီဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

“ဒီလိုနိုင်ငံတကာအဖွဲ့အစည်းတွေကနေ ချေးငွေပံ့ပိုးမှုတွေရရှိတာဟာ မြန်မာနိုင်ငံရဲ့ Macroeconomic အခြေအနေ တည်ငြိမ်လို့ပဲဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

 

Most Read

Most Recent