မန်စီးတီးနှင့် ချန်ပီယံလိဂ်ပွဲကစားမည့် အသင်းလူစာရင်းမှ ဘေးလ်အား ချန်လှပ်ခဲ့ခြင်းကို ဇီဒန်း ရှင်းလင်း 

မန်စီးတီးနှင့် ချန်ပီယံလိဂ်ပွဲကစားမည့် အသင်းလူစာရင်းမှ ဘေးလ်အား ချန်လှပ်ခဲ့ခြင်းကို ဇီဒန်း ရှင်းလင်း 
Photo: AP
Photo: AP
Published 7 August 2020

ရီးယဲလ်အသင်းနည်းပြ ဇီဒန်းက မန်စီးတီးအသင်းနှင့် ချန်ပီယံလိဂ်ကစားမည့် အသင်းလူစာရင်းမှ ဘေးလ်အား ချန်လှပ်ခဲ့ခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။ 

ရီးယဲလ်အသင်းသည် ယနေ့ည (မြန်မာစံတော်ချိန် သြဂုတ်လ ၈ ရက်၊ နံနက် ၁:၃၀ နာရီ)တွင် ချန်ပီယံလိဂ်ရှုံးထွက်(၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် မန်စီးတီးအသင်းကို အဝေးကွင်းသွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

ရီးယဲလ်အသင်းသည် အိမ်ကွင်းတွင် ကစားခဲ့သည့် ပထမအကျော့ပွဲစဉ်တွင် မန်စီးတီးအသင်းကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ထားသဖြင့် ယနေ့ညကစားမည့်ပွဲစဉ်မှ အရေးကြီးသော်လည်း အသင်းလူစာရင်းမှ ဘေးလ်ကို ချန်လှပ်ခဲ့ခြင်းဖြစ်သည်။ 

မန်စီးတီးနှင့် ကစားမည့်ပွဲအတွက် ဘေးလ်အား အသင်းလူစာရင်းမှ ချန်လှပ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မီဒီယာများက ဇီဒန်းနှင့် ဘေးလ်၏ ဆက်ဆံရေးကို အဓိကထား ဖော်ပြနေကြရာ ဇီဒန်းက ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ 

မန်စီးတီးနှင့် ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဇီဒန်းက "သတင်းတွေ မျိုးစုံထွက်နေလို့ ကျွန်တော် ရှင်းပြချင်ပါတယ်။ ကျွန်တော်တို့အကြား နည်းပြနဲ့ ကစားသမား ဆက်ဆံရေး ရှိပါတယ်။ ဒါက ရှင်းပါတယ်။ မန်စီးတီးပွဲမှာ ပါဝင်ကစားမှာ မဟုတ်ဘူးလို့ ဘေးလ် ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော် ပြောနိုင်တာ ဒါပါပဲ"ဟု ပြောကြားခဲ့သည်။ 

အသက် (၃၁)နှစ်အရွယ်ရှိ ဝေးလ်စ်တောင်ပံကစားသမား ဘေးလ်သည် ရီးယဲလ်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ ပွဲ (၂၀)သာ ကစားခွင့်ရထားပြီး (၃)ဂိုးသာ သွင်းယူပေးထားသည်။ 

Most Read

Most Recent