မန်စီးတီးနှင့်ပွဲတွင် အသင်းခေါင်းဆောင် ရာမို့စ် မပါဝင်နိုင်သော်လည်း မိမိရှိသည်ဟု ဘရာဇီးလ်နောက်ခံလူ မီလီတို ကြုံးဝါး

မန်စီးတီးနှင့်ပွဲတွင် အသင်းခေါင်းဆောင် ရာမို့စ် မပါဝင်နိုင်သော်လည်း မိမိရှိသည်ဟု ဘရာဇီးလ်နောက်ခံလူ မီလီတို ကြုံးဝါး
Photos : Getty Images
Photos : Getty Images
Published 5 August 2020

ရာမို့စ်သည် မန်စီးတီးအသင်းအား အိမ်ကွင်းတွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပထမအကျော့ပွဲစဉ်တွင် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရခြင်းကြောင့် ယခုပွဲစဉ်အား လွဲချော်မည်ဖြစ်သည်။ 

ရီးယဲလ်မက်ဒရစ်အသင်း၏ ဘရာဇီးလ်နောက်ခံလူ မီလီတို (၂၂ နှစ်)က မန်စီးတီးအသင်းနှင့် အဝေးကွင်းတွင် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် အသင်းခေါင်းဆောင် ရာမို့စ် ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်သော်လည်း မိမိရှိသည်ဟု ကြုံးဝါးပြောဆိုခဲ့ကြောင်း သိရသည်။ 

ရာမို့စ်သည် မန်စီးတီးအသင်းအား အိမ်ကွင်းတွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပထမအကျော့ပွဲစဉ်တွင် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရခြင်းကြောင့် ယခုပွဲစဉ်အား လွဲချော်မည်ဖြစ်သည်။ 

မီလီတိုက "မန်စီးတီးနဲ့ပွဲမှာ ကျွန်တော်တို့အသင်းခေါင်းဆောင် မပါနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် ရှိပါတယ်။ ပြီးတော့ ယုံကြည်မှုလည်း ရှိပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent