စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ သမိုင်းဝင် ဆွမ်းဦးပုညရှင်စေတီတော်ကို COVID-19 ကူးစက်မြန်ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် သမိုင်းဝင်ဆွမ်းဦးပုညရှင်စေတီတော်အား ၂၀၂၀ ပြည့်နှစ် မတ်၂၈ ရက်မှ စတင်၍ ယာယီပိတ်ထားရာမှ ယခုအခါတွင် ဇူလိုင် ၁၂ ရက်မှစတင်၍ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက ညွှန်ကြားထားသည့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်၍ ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ဆွမ်းဦးပုညရှင် ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်လှက ပြောကြားသည်။
သမိုင်းဝင် ဆွမ်းဦးပုညရှင်စေတီတော် အား အများပြည်သူများ ပြန်လည်ဝင်ရောက် ဖူးမြော်နိုင်ရန်အတွက် ဇွန် ၂ ရက်မှ စတင်၍ အချိန်ပိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကို ဆွမ်းဦးပုညရှင်ဘုရားဂေါပကအဖွဲ့က မေ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ဆွမ်း ဦးပုညရှင်စေတီတော်ပြန်လည်ဖွင့်လှစ်ပါက အများပြည်သူ ဝင်ရောက်ဖူးမြော်ချိန်ကို နံ နက်အရုဏ်ဆွမ်းကပ်ချိန် နေ့စဉ် နံနက် ၅ နာ ရီမှ ညနေ ၆ နာရီအထိ အချိန်ပိုင်းဖွင့်လှစ်သွား ရန်စီစဉ်ထားသော်လည်း တိုင်းဒေသကြီးအစိုး ရအဖွဲ့၏ ခွင့်ပြုချက်မရရှိသေးသည့်အတွက် စေတီတော်အတွင်း ဝင်ရောက်ဖူးမြော်ခွင့်ကို ဆက်လက်ပိတ်ထားဦးမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့က ဇွန် ၄ ရက်က တရား ဝင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဇူလိုင် ၁၂ ရက်တွင် ဘုရားဖူးဧည့်သည့်များကို စေတီ တော်အတွင်း ဝင်ရောက်ဖူးမြော်ခွင့်ပေးခဲ့ ကြောင်း သိရသည်။
“ဇူလိုင် ၁၂ ရက်ကစပြီး ဖွင့်လှစ်ပေးခဲ့တယ်။ ကျန်းမာရေးဝန်ကြီးဌာနညွှန်ကြား ချက်အတိုင်း ဘုရားမှာရှိတဲ့ ဝန်ထမ်းတွေ က အစ Mask တပ်ရမယ်။ အလှူခံဌာနက ဝန်ထမ်းဆို Face Shield တပ်ရမယ်။ စျေးသည် တွေ ခြောက်ပေအကွာရောင်းဖို့ စေတီတော် အဝင်နေရာတွေမှာ လက်ဆေးကန်တွေ လုပ် ထားပေးတယ်။ Hand Gel တွေ ထားပေးပါ တယ်။ အပူချိန်တိုင်းတာမှုတွေလည်း လုပ် ဆောင်သွားပါမယ်။ အပူချိန်တိုင်းတာမှုတွေ ကို သေချာစွာစောင့်ကြည့်သွားမယ်။ ဘုရား ဖူးတဲ့နေရာမှာ ခြောက်ပေအကွာ လုပ်ထား တယ်။ မနက် ၅ နာရီ၊ ညနေ ၆နာရီ ပိတ်မယ်။ ရင်ပြင်တော်ပေါ်ကနေ ဘုရားလှည့်လည်ဖူး မြော်တဲ့အခါမှာလည်း နှာခေါင်းစည်းလေး တွေမဖြုတ်ဖို့ အသိပေးပါတယ်။ ဘုရားဖူးပြည် သူတွေ ကျန်းမာရေးအတွက် လက်ဆေးကန် တွေအဝင်စမှာရော ဘုရားရင်ပြင်တော်ပတ် ပတ်လည်မှာရော ချထားပေးတယ်” ဟု ဆွမ်း ဦးပုညရှင်ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်လှက ပြောကြားသည်။
COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက်သမိုင်းဝင်ဆွမ်းဦးပုညရှင်စေတီတော်အား ၂၀၂၀ ပြည့်နှစ် မတ် ၂၈ ရက်မှစတင်၍ ယာယီပိတ်ထားရာမှ ဇူ လိုင် ၁၂ ရက်မှစတင်၍ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသည့်ညွှန် ကြားချက်များအတိုင်း ဆောင်ရွက်၍ ပြန် လည်ဖွင့်လှစ်ခဲ့ကြောင်း အများပြည်သူဝင် ရောက်ဖူးမြော်ချိန်ကို နေ့စဉ် နံနက် ၅ နာရီမှ ညနေ ၆ နာရီ အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နှာခေါင်းစည်း Mask မတပ်ဆင်သူများ၊ ကိုယ် အပူချိန်မြင့်မားသူများ ဝင်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်း ဆွမ်းဦးပုည ရှင်ဘုရားဂေါပ ကအဖွဲ့မှ သိရသည်။















