မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နည်းစနစ်ကော်မတီသည် မြန်မာ ယူ-၁၆ အသင်းကို နည်းပြချုပ်အပြောင်းအလဲပြုလုပ်ခဲ့ပြီး လူငယ်ကစားသမားများကို ကိုင်တွယ်ရာတွင် နာမည်ရထားသည့် ဦးချစ်နိုင်ကို တာဝန်ပေးအပ်ခဲ့သည်။ လက်ရှိတွင် ကိုရိုနာဗိုင်း ရပ်စ်အခြေအနေကြောင့် စခန်းဝင်လေ့ကျင့်မှု များ ရပ်နားထားပြီး ရောဂါအခြေအနေတည် ငြိမ်သွားမှသာ ပြန်လည်လေ့ကျင့်မည်ဖြစ်သည်။
မြန်မာ ယူ-၁၆ အသင်းနည်းပြချုပ်သစ် ဦးချစ်နိုင်သည် အသင်းကို ပြန်လည်ဖွဲ့စည်း ရန် စီစဉ်နေပြီး လူရွေးပွဲကျင်းပကာ ကစားသမားများ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နည်းစနစ်ကော်မတီသည် မြန်မာ ယူ-၁၆ အသင်းကို နည်းပြချုပ်အပြောင်းအလဲပြုလုပ်ခဲ့ပြီး လူငယ်ကစားသမားများကို ကိုင်တွယ်ရာတွင် နာမည်ရထားသည့် ဦးချစ်နိုင်ကို တာဝန်ပေးအပ်ခဲ့သည်။ လက်ရှိတွင် ကိုရိုနာဗိုင်း ရပ်စ်အခြေအနေကြောင့် စခန်းဝင်လေ့ကျင့်မှု များ ရပ်နားထားပြီး ရောဂါအခြေအနေတည် ငြိမ်သွားမှသာ ပြန်လည်လေ့ကျင့်မည်ဖြစ်သည်။
"ကျွန်တော့်ကို မြန်မာ ယူ-၁၆ အသင်း နည်းပြချုပ်အဖြစ် တာဝန်ပေးထားပေမယ့် ရောဂါအခြေအနေကြောင့် မကိုင်တွယ်ရသေးပါဘူး။ ယူ-၁၆ အသင်းက MFF Youth အသင်းအမည်နဲ့ MNL ယူ-၁၉ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေပြီး ဒီပြိုင်ပွဲကလည်း ပြန်လည်ကျင်းပမှာဖြစ်တာကြောင့် ကျွန်တော့် အနေနဲ့ အပိုင်းနှစ်ပိုင်းခွဲပြီး ပြင်ဆင်သွားမှာပါ။ ယူ-၁၉ လိဂ်မှာယှဉ်ပြိုင်နေတဲ့ လူစာရင်းက မှတ်ပုံတင်ထားပြီး အပြောင်းအလဲပြုလုပ်ဖို့မဖြစ်နိုင်တာကြောင့် ဒီလူစာရင်းအတိုင်းပဲ ယှဉ်ပြိုင်မှာပါ။ နိုင်ငံတကာပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖို့က လူရွေးပွဲကျင်းပပြီး ကစားသမားတွေ ပြန်ရွေးချယ်မှာပါ။ လက်ရှိ ယူ-၁၆ အသင်း မှာ ရွေးချယ်ခံထားရတဲ့ကစားသမားတွေအပြင် MNL လူငယ်လိဂ်မှာ ယှဉ်ပြိုင်နေတဲ့ ကစားသမားတွေထဲက အသက်မီတဲ့သူတွေ၊ အကယ်ဒမီကျောင်းက ကျန်တဲ့ကစားသမားတွေ၊ ပြင်ပက ကစားသမားတွေကို စုစည်းပြီး လူရွေးပွဲ ပြုလုပ်မှာပါ။ တစ်သင်းကို ကစားသမား ၁၅၊ ၁၆ ဦးလောက်နဲ့ လေးသင်းဖွဲ့ပြီး လူရွေးပွဲ ကျင်းပမှာပါ။ ကစားသမား ၃၀ ပြန် ရွေးချယ်ဖို့တော့ လျာထားပါတယ်။ အသင်းကို လေ့ကျင့်ခွင့်ရတာနဲ့ ပြင်ဆင်ချင်တဲ့အပိုင်းကို ကြိုတင်လုပ်ဆောင်ထားတာဖြစ်ပါတယ်။ လက်ရှိအနေအထားအရတော့ သြဂုတ်လောက်မှာ စတင်လေ့ကျင့်နိုင်မှာဖြစ်ပါတယ်" ဟု ဦးချစ်နိုင်က ပြောကြားခဲ့သည်။
မြန်မာ ယူ-၁၆ အသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲအဖြစ် ၂၀၂၀ အာ ဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲတစ်ခုသာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်အခြေ အနေကြောင့် ရွှေ့ဆိုင်းထားရပြီး ကျင်းပမည့်ရက်ကို အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) နှင့် ပြန်လည်ညှိနှိုင်းကာ အတည်ပြုမည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းသည် လာမည့် နှစ်တွင်မူ အာရှခြေစစ်ပွဲပါ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ပြီး နည်းပြသစ်ဦးချစ်နိုင်အနေ ဖြင့် လာမည့်နှစ်အတွက်ပါ ရည်ရွယ်ပြင်ဆင်သွားမည်ဖြစ်သည်။















