လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ တီဘက်စ်က ကစားသမားများအနေဖြင့် ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန် သတိပေးခဲ့ပြီး ချိုးဖောက်ပါက Quarantine ဝင်ရမည်ဟု ဆိုခဲ့သည်။
လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ တီဘက်စ်က ကစားသမားများအနေဖြင့် ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန် သတိပေးခဲ့ပြီး ချိုးဖောက်ပါက Quarantine ဝင်ရမည်ဟု ဆိုခဲ့သည်။
ဘာစီလိုနာအသင်းသည် လူ(၂၀)ခန့်နှင့် မွေးနေ့ပါတီပွဲ ဆင်နွှဲခဲ့သော နောက်ခံလူ ဆယ်မီဒိုကို တစ်ဦးတည်းလေ့ကျင့်ရန် ညွှန်ကြားခဲ့ကြောင်း သတင်းထွက်လာခဲ့ပြီးနောက် တီဘက်စ်က သတိပေးစကားပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
တီဘက်စ်က ကျန်းမာရေးလမ်းညွှန်ချက်များကို ချိုးဖောက်သည့် ကစားသမားများကို သည်းခံမည်မဟုတ်ကြောင်းနှင့် ကစားသမားများအနေဖြင့် ဘေးကင်းစွာဖြင့် ဘောလုံးကစားရန်သာ အာရုံစိုက်သင့်သည်ဟုလည်း ပြောကြားခဲ့သည်။
"တကယ်လို့ ကစားသမားတွေအနေနဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေကို မလိုက်နာဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ စည်းကမ်းကို လိုက်နာအောင် လုပ်ဖို့ စဉ်းစားရမှာပါ။ ကျွန်တော်တို့အနေနဲ့ အစကတည်းက စည်းကမ်းမလိုက်နာရင် ဘာအပြစ်ပေးမယ်ဆိုပြီး စဉ်းစားခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ အသင်းတွေက စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြတာကြောင့် ဘာမှ မလုပ်ခဲ့တာပါ။ တကယ်လို့ စည်းကမ်းတွေကို မလိုက်နာပါဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ အရေးယူမှုတွေ ပြုလုပ်ရမှာပါ"ဟု တီဘက်စ်က ပြောကြားခဲ့သည်။
ထို့ပြင် တီဘက်စ်က ကစားသမားများရော ကလပ်အသင်းများပါ ကျန်းမာရေးအသိရှိရန် လိုအပ်ပြီး မိမိတို့အနေဖြင့် ကျန်မားရေးလမ်းညွှန်ချက်များကို ကစားသမားများ လိုက်နာမည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။















