ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းထားသည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုလက်ကျန်ပွဲကျင်းပမည့်ရက် ထုတ်ပြန်ခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်း လက်ကျန် (၃)ပွဲကို အောက်တိုဘာနှင့် နိုဝင်ဘာတွင် ယှဉ်ပြိုင်ကစားရမည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းထားသည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုလက်ကျန်ပွဲကျင်းပမည့်ရက် ထုတ်ပြန်ခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်း လက်ကျန် (၃)ပွဲကို အောက်တိုဘာနှင့် နိုဝင်ဘာတွင် ယှဉ်ပြိုင်ကစားရမည်
Published 6 June 2020

အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ရွှေ့ဆိုင်း ထားသည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု လက်ကျန်ပွဲများ ကစားမည့်ရက်ကို ထုတ်ပြန် လိုက်ပြီဖြစ်ကြောင်း သိရသည်။

    

AFC သည် မတ်နှင့် ဇွန်လတွင် ကစား ရမည့်ပွဲများကို အောက်တိုဘာနှင့် နိုဝင်ဘာ တွင် ပြန်လည်ကျင်းပရန် ဆုံးဖြတ်ခဲ့ပြီး အာရှ ဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်  ပွဲ (၆၄) ပွဲကို ရက်ပေါင်း (၄၀) ဝန်းကျင်အတွင်း ကျင်းပမည်ဖြစ်သည်။ AFC သည် အုပ်စု လက်ကျန်ပွဲများကို အောက်တိုဘာ (၈၊ ၁၃) ရက်၊ နိုဝင်ဘာ (၁၂၊ ၁၇) ရက်တွင် ကျင်းပမည် ဖြစ်ပြီး ယခင်ပွဲစဉ်အတိုင်း အိမ်ကွင်း၊ အဝေး ကွင်းပုံစံဖြင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ် သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ခြေ စစ်ပွဲ အုပ်စု (F) တွင် ပါဝင်နေပြီး လက်ကျန် (၃)ပွဲကို အောက်တိုဘာတွင် (၂)ပွဲ၊ နိုဝင်ဘာ တွင် (၁)ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပွဲစဉ်ပြန်လည်ရေးဆွဲထားမှုအရ မြန်မာ အသင်းသည် အောက်တိုဘာ (၈) ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ အောက်တိုဘာ (၁၃) ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ် ကွင်း၊ နိုဝင်ဘာ (၁၇) ရက်တွင် တာဂျစ်ကစ္စတန် အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ 

လက်ကျန်ပွဲအနေအထားအရ အသင်းအားလုံးနီးပါး (၃)ပွဲစီကစားရန်ကျန်ရှိ နေပြီး အသင်းအချို့မှာမူ (၄)ပွဲကစား ရမည်ဖြစ်သည်။ မြန်မာအသင်းသည် (၅)ပွဲ ကစားအပြီးတွင် (၂)ပွဲနိုင်၊ (၃)ပွဲရှုံး၊ (၆)မှတ်ဖြင့် အုပ်စုအဆင့် (၄) နေရာ ရပ်တည်နေ သည်။ ယင်းအုပ်စုတွင် ဂျပန်အသင်းက (၄) ပွဲကစား (၁၂) မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေ ပြီး ကာဂျစ္စတန်အသင်းနှင့် တာဂျစ်ကစ္စတန် အသင်းက (၅)ပွဲကစား (၇)မှတ်စီ၊ မွန်ဂိုလီး ယားအသင်းက (၅)ပွဲကစား (၃)မှတ်ရရှိထား သည်။

''AFC က ကမ္ဘာ့ဖလားခြေစစ်ပွဲ လက် ကျန်ပွဲတွေနဲ့ပတ်သက်ပြီး အတည်ပြုခဲ့ပါ တယ်။ အောက်တိုဘာနဲ့ နိုဝင်ဘာမှာ ကျင်းပ မှာဖြစ်ပြီး အရင်သတ်မှတ်ထားတဲ့အတိုင်း အိမ်ကွင်း၊ အဝေးကွင်းပုံစံနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်''ဟု MFF အထွေထွေအတွင်းရေး မှူး ဦးကိုကိုသိန်းက ပြောကြားသည်။

မြန်မာအသင်းသည် ယင်းအုပ်စုတွင် လက်ကျန်ပွဲနှင့် ရမှတ်ရရှိထားမှုအရ အုပ်စု ဒုတိယနေရာ မျှော်လင့်ခွင့်ရှိပြီး လက်ကျန် (၃)ပွဲအနက် ကာဂျစ္စတန်အသင်းနှင့် အိမ် ကွင်း၊ တာဂျစ်ကစ္စတန်အသင်းနှင့် အဝေး ကွင်းပွဲများမှာ အရေးပါလျက်ရှိသည်။ အာရှ ထိပ်သီး ဂျပန်အသင်းနှင့် (၄)သင်းစလုံး ယှဉ်ပြိုင်ရန် ကျန်ရှိနေပြီး မြန်မာအသင်း အနေဖြင့် ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန် အသင်းတို့နှင့်ပွဲများတွင် ရလဒ်ကောင်းမှ သာ မျှော်လင့်နိုင်မည်ဖြစ်သည်။ 

ခြေစစ်ပွဲ ကျင်းပသည့်ပုံစံအရ အုပ်စုပထမနေရာရ အသင်း (၈)သင်းနှင့် ဒုတိယနေရာရအသင်း များအနက် အကောင်းဆုံး (၄)သင်းမှာ ကမ္ဘာ့ ဖလား တတိယအဆင့်ခြေစစ်ပွဲသို့ တက်    ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး အာရှဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။ 

ကျန် ဒုတိယနေရာရ (၄)သင်း၊ အုပ်စုတတိယ နေရာရ (၈)သင်းနှင့် စတုတ္ထနေရာရအသင်း များအနက် အကောင်းဆုံး (၄)သင်းမှာ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲ တိုက် ရိုက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ကျန်စတုတ္ထ နေရာရ (၄)သင်းနှင့် အုပ်စုအောက်ဆုံး အသင်း (၈)သင်းမှာ Play-off ပြန်လည် ကစားရမည်ဖြစ်သည်။ 

တတိယအဆင့်ခြေစစ် ပွဲကို အသင်း (၂၄) သင်းဖြင့် ကျင်းပမည်ဖြစ် သည်။ ထို့ကြောင့် မြန်မာအသင်းသည် အုပ်စု ဒုတိယ၏ အကောင်းဆုံး (၄)သင်းတွင်ပါဝင် ပါက ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ တတိယ အဆင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Most Read

Most Recent