ပရီးမီးယားလိဂ်ပြန်စချိန်တွင် အသုံးပြုမည့် Slimmed-down Plan ကို အဆိုပြုခဲ့ပြီး ကွင်းအတွင်း အများဆုံးလူဦးရေ (၃၀၀)သာရှိရမည်ဟု သတ်မှတ်

ပရီးမီးယားလိဂ်ပြန်စချိန်တွင် အသုံးပြုမည့် Slimmed-down Plan ကို အဆိုပြုခဲ့ပြီး ကွင်းအတွင်း အများဆုံးလူဦးရေ (၃၀၀)သာရှိရမည်ဟု သတ်မှတ်
Published 6 June 2020

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ တာဝန်ရှိသူများသည် ပရီးမီးယားလိဂ်ပွဲစဉ်များ ပြန်လည်စတင်ချိန်တွင် အသုံးပြုမည့် Slimmed-down Plan ကို အဆိုပြုခဲ့ပြီး ယင်းအဆိုပြုချက်အရ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲတွင် ကွင်း အတွင်းအများဆုံးရှိရမည့်လူဦးရေမှာ (၃၀၀)သာရှိလိမ့် မည်ဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြ ခဲ့သည်။

Daily Mail က Exclusive သတင်းအဖြစ်ဖော်ပြခဲ့သည့် ယင်းအဆိုပြုချက်များတွင် ပါဝင်ခဲ့သည့်အခြားအချက်များမှာ ပွဲပြီးသတင်းစာရှင်းလင်းပွဲ၊ VAR ဒိုင် လူကြီးများ၊ ကွင်းအတွင်း ဝင်ရောက်ခွင့်ရမည့်ကစားသ မားဦးရေ၊ နည်းပြအဖွဲ့ဝင်နှင့် ဆေးအဖွဲ့များ၊ အသင်းတာဝန်ရှိပုဂ္ဂိုလ်များ၏ အရေအတွက်စသည်တို့လည်း ပါဝင်ခဲ့သည်။

အသင်းတစ်သင်းသည် ၎င်းတို့ကစားရမည့် ပွဲစဉ်တစ်ပွဲအတွက် ကစားသမား(၁၈)ဦးနှင့် အရန်သင့် အစားထိုးရန် အပိုကစားသမား (၂)ဦးဖြင့် စုစုပေါင်း (၂၀)ဦးသာ ကွင်းအတွင်းသို့ ခေါ်ဆောင်ခွင့်ရရှိမည်ဖြစ်သည်။

နည်းပြ၊ လက်ထောက်နည်းပြနှင့် အခြားနည်းပြအဖွဲ့ ဝင်များအပါအဝင် ဆေးအဖွဲ့ဝန်ထမ်းများပေါင်းကာ (၁၂)ဦးသာ ကွင်းအတွင်း ဝင်ရမည်ဖြစ်ပြီး ပွဲကြည့်စင်ပေါ်တွင်ရှိနေမည့် ဒါရိုက်တာနှင့် အမှုဆောင်များ၏ ဦးရေမှာလည်း တစ်သင်းလျှင် (၁၀)ဦးသာ သတ်မှတ်ပေးထားမည်ဖြစ် သည်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲအခန်းတွင် နည်းပြ တစ်ဦးသာရှိမည်ဖြစ်ပြီး ဂျာနယ်လစ်များအပါအဝင် အ ခြားမည်သူမျှ အခန်းတွင်းသို့ ဝင်ရောက်ခွင့်ရရှိမည် မဟုတ်ချေ။

နည်းပြများသည် သတင်းစာရှင်းလင်းပွဲ၏ မေးမြန်းမှုများ၊ ပြန်လည်ဖြေကြားမှုများကို ဗီဒီယိုမှတစ်ဆင့်ပြုလုပ်ရမည်ဖြစ်ပြီး VAR ဒိုင်များသည်လည်း Stockley Park ရှိ VAR Room များထဲတွင် ယခင်လို တစ်စုတစ်စည်းတည်း နေခွင့်ရမည်မဟုတ်ဘဲ သီးခြားအခန်းများဖြင့် ကြီးကြပ်သွားရမည်ဖြစ်ကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုတွင် ကွင်းအတွင်းရှိရမည့် လူ ဦးရေ စုစုပေါင်းမှာ (၃၀၀) ထက်မကျော်စေရန် သတ်မှတ် ထားပြီး စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်အများစုမှာ ဘွန်ဒစ်လီဂါပြိုင်ပွဲမစတင်မီက ထုတ်ပြန်ခဲ့သည့် Document အတိုင်းဖြစ်သည်ဟုလည်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ကွင်းအတွင်းတွင် အများဆုံးဝင်ခွင့်ရမည့် အစုအ ဖွဲ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်များကို တိုက်ရိုက်ထုတ်လွှင့် ပြသခွင့်ရရှိထားသည့် ရုပ်သံလိုင်းမှ ရိုက်ကူးရေးတာဝန် ရှိသူများဖြစ်ပြီး ကွင်းအတွင်းဝင်ရောက်ခွင့်ရှိသူ (၉၈)ဦး နှင့် ကွင်းပြင်မှ ကြီးကြပ်ဆောင်ရွက်ရမည့်သူ (၇၅)ဦးရှိ သည်ဟု သိရှိရသည်။

၎င်းတို့အားလုံးမှာလည်း သတ်မှတ်အကွာအဝေးစည်းမျဉ်းများကို လိုက်နာရမည့်အပြင် ပွဲတစ်ပွဲ၏ အစိတ်အပိုင်းများတွင် ပါဝင်သည့် အစုအဖွဲ့များ၏အကွာအဝေးသတ်မှတ်ချက်များကိုလည်း မဖြစ်မနေလိုက်နာရမည်ဖြစ်သည်။

Daily Mail သည် လိုက်နာရမည့်အချက်များနှင့်ပတ်သက်ပြီး သတင်းရင်းမြစ်များ၏ အမြင်များကို မေးမြန်းခဲ့ရာ အားလုံးက မျှတပြီး ဖြစ်သင့်သည့်အချက်များဖြစ်သည်ဟု ထောက်ခံခဲ့ကြသော်လည်း အလုပ်လုပ်ရမည့်အပိုင်းတွင် အခက်အခဲများရှိလိမ့်မည် ဟုဆိုခဲ့သည်။

အခြားအစုအဖွဲ့များမှာ တားမြစ်ဆေးတာဝန်ရှိသူများ၊ ပွဲအစီအစဉ်ကြေညာသူများဖြစ်သည်။

■ ကွင်းအတွင်းရှိမည့် အစုအဖွဲ့များနှင့် အရေအတွက်

ကစားသမား - အသင်းတစ်သင်းလျှင် ကစားသမား (၂၀)ဦးသာ ကွင်းအတွင်း ဝင်ရောက်ခွင့်ရမည်။

နည်းပြနှင့် ဆေးအဖွဲ့ - နည်းပြ၊ နည်းပြအဖွဲ့ဝင်နှင့် ဆေးအဖွဲ့ စုစုပေါင်းမှာ (၁၂)ဦးဖြစ်သည်။

ဒါရိုက်တာ - Executive အတွင်းရှိနေမည့် ဒါရိုက်တာအရေအတွက်မှာ (၁၀)ဦးဖြစ်သည်။

အစီအစဉ်ကြေညာသူ - ဘောလုံးပွဲတိုက်ရိုက်တင်ဆက် ရန် ရှိရမည့်ဦးရေမှာ (၁၅)ဦးဖြစ်သည်။

မီဒီယာ - သတင်းစာဂျာနယ်လစ် စုစုပေါင်း(၂၅)ဦးနှင့် ရေဒီယိုများအတွက် (၁၅)ဦး ဝင်ခွင့်ရမည်။

Most Read

Most Recent