တင်းနစ်ကမ္ဘာ့အဆင့်သတ်မှတ်ချက် ရာသီကုန်နံပါတ်တစ်နေရာကိုရိုမေးနီးယားတင်းနစ်မယ် ဆီမိုနာဟာလက် ရယူ

တင်းနစ်ကမ္ဘာ့အဆင့်သတ်မှတ်ချက် ရာသီကုန်နံပါတ်တစ်နေရာကိုရိုမေးနီးယားတင်းနစ်မယ် ဆီမိုနာဟာလက် ရယူ
Photo: WTA Tour
Photo: WTA Tour
Published 17 October 2018

 

ရိုမေးနီးယားတင်းနစ်မယ် ဆီမိုနာဟာလက်သည် WTA က တရားဝင်ထုတ်ပြန်ခဲ့သည့် တင်းနစ်ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးနေရာ၌ ဆက်လက်ရပ်တည်ခဲ့ပြီးနောက် ယခုနှစ်၏ရာသီ ကုန်ကမ္ဘာ့အဆင့် တွင်လည်း နံပါတ်တစ်နေရာ၌ ရပ်တည်ရန် သေချာသွားခဲ့သည်။

ဟာလက်မှာ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာ့နံပါတ်တစ်နေရာ၌ ရက်သတ္တပတ်ပေါင်း (၄၀) တိတိ ရပ်တည်ခဲ့ပြီး ယခုရာသီတွင် ပြိုင်ပွဲ ခြောက်ပွဲတွင် ဗိုလ်လုပွဲတက်ကာ ဆုဖလား သုံးလုံး ရယူနိုင်ခဲ့သည်။

သူ့အနေဖြင့် ပြင်သစ်အိုးပင်းတွင် ပထမဆုံးမေဂျာဖလား ရယူနိုင်ခဲ့ကာ Shenzhen Open၊ Rogers Cup ပြိုင်ပွဲများတွင် အနိုင်ရခဲ့ပြီး ယခုနှစ်အတွင်း (၄၆) ပွဲနိုင်၊ (၁၁) ပွဲရှုံးမှတ်တမ်း ရရှိထားသည်။

"ကြီးမားနက်ရှိုင်းတဲ့ ခံစားမှုပါပဲ။ နှစ်နှစ်ဆက်တိုက် ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့လို့ အလွန် ပျော်ရွှင်မိပါတယ်။ ကျွန်မအတွက် အံ့အားသင့်ဖွယ်နှစ်ပါပဲ။ တင်းနစ်နဲ့ပတ်သက်လာရင် ကျွန်မဘဝရဲ့အကောင်းဆုံးနှစ်ပါ။ ဂရင်းစလင်းဖလားတစ်လုံးရတာဟာ အထူးကောင်းမွန်ပြီး ကျွန်မနှလုံးသားမှာ ထာဝရတည်ရှိနေပါလိမ့်မယ်" ဟု ဟာလက်က ပြောကြားခဲ့သည်။

Most Read

Most Recent