![](https://news-eleven.com/sites/news-eleven.com/files/styles/news_detail_image/public/news-images/28814692-8355909-image-a-26_1590447168908.jpg?itok=y-QQpSsS)
ဘုန်းမောက်အသင်းဂိုးသမား ရမ်းစ်ဒေးလ်က မိမိအနေဖြင့် စျေးဝယ်ထွက်ရာမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းဖြစ်နိုင် ကြောင်း ဝန်ခံပြောကြားသည်။
ပရီးမီးယားလိဂ်ကလပ်များအား ဒုတိယအကြိမ် COVID-19 စစ်ဆေးစဉ် ကလပ်အသင်းနှစ်သင်းမှ နှစ်ဦးတွင် Positive ရလဒ်တွေ့ရှိခဲ့ပြီး တစ်ဦးမှာ မိမိတို့ကစားသမားဖြစ်ကြောင်း ဘုန်းမောက်အသင်းက အတည်ပြုထားသည်။
၎င်း၏အမည်ကို ဘုန်းမောက်အသင်းက ကြေညာခြင်းမရှိသော်လည်း အင်္ဂလန် ယူ-၂၁ လက်ရွေးစင် ရမ်းစ်ဒေးလ်က ''လေ့ကျင့်ခန်းမစခင် တနင်္လာနေ့တုန်းက Negative ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ပုံမှန်အတိုင်း စူပါမားကတ်သွားတာ၊ ဆီဆိုင်မှာ ကားဆီဖြည့်တာ လုပ်ခဲ့ပါတယ်။ သတိထားပြီးနေပေမဲ့ စျေးဝယ်ထွက်တုန်း ကူးစက်ခံရတာလို့ ထင်ပါတယ်''ဟု ဝန်ခံပြောကြားသည်။
ရမ်းစ်ဒေးလ်သည် Negative အဖြေ အသင်းထံသို့ရောက်ရှိပြီး (၃)ရက်အကြာတွင် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဘုန်းမောက်နည်းပြ အက်ဒီဟောင်းက ရမ်းစ်ဒေးလ်၏သတင်းမှာ တုန်လှုပ်ဖွယ်ကောင်းသည်ဟု မှတ်ချက်ပြုခဲ့သည်။