အူဘာမီယန်းအား အီကာဒီနှင့် အလဲအထပ်ပြုလုပ်ရန် အင်တာမီလန်အသင်း စီစဉ်

အူဘာမီယန်းအား အီကာဒီနှင့် အလဲအထပ်ပြုလုပ်ရန် အင်တာမီလန်အသင်း စီစဉ်
Photos: Getty Images
Photos: Getty Images
Published 8 May 2020

အင်တာမီလန်အသင်းသည် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းအား အသင်းတိုက်စစ်မှူး အီကာဒီနှင့် အလဲအထပ်ပြုလုပ်ရန် စီစဉ်နေကြောင်း အီတလီအားကစားသတင်းစာ Tuttosport က ဖော်ပြခဲ့သည်။ 

အင်တာမီလန်အသင်းသည် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းအား အသင်းတိုက်စစ်မှူး အီကာဒီနှင့် အလဲအထပ်ပြုလုပ်ရန် စီစဉ်နေကြောင်း အီတလီအားကစားသတင်းစာ Tuttosport က ဖော်ပြခဲ့သည်။ 

အာဆင်နယ်အသင်းသည် ၂၀၂၁ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် အသင်းခေါင်းဆောင် အူဘာမီယန်းအား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်လိုခြင်းမရှိသဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ရောင်းချသွားဖွယ်ရှိနေကြောင်း သိရသည်။ 

အသက် (၃၀)နှစ်အရွယ်ရှိ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းအား ခေါ်ယူရန် ဥရောပထိပ်သီးကလပ်များဖြစ်သည့် ဘာစီလိုနာနှင့် အင်တာမီလန်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။ 

Tuttosport ၏ ဖော်ပြမှုအရ  အင်တာမီလန်အသင်းသည် အူဘာမီယန်းအား လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် ပစ်မှတ်ထားနေပြီး အီကာဒီနှင့် အလဲအထပ်ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။ 

အီကာဒီသည် ယခုရာသီတွင် PSG အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း PSG အသင်းက ၎င်းကို အပြီးသတ်ခေါ်ယူဖွယ်မရှိသဖြင့် အင်တာမီလန်အသင်းသည် အူဘာမီယန်းအား ခေါ်ယူရန် ကြိုးပမ်းရာတွင် အီကာဒီကို အသုံးချရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

အာဆင်နယ်အသင်းအနေဖြင့် ပြီးခဲ့သည့် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလက အသင်းကွင်းလယ်လူ ရမ်ဆေးအား ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်ခဲ့ရသည့် အဖြစ်မျိုးကို ရှောင်လွှဲနိုင်ရန်အတွက် အင်တာမီလန်အသင်း၏ ကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

Most Read

Most Recent