၂၀၁၉-၂၀ ရာသီ ပြင်သစ်လီဂူးပြိုင်ပွဲ၏ ဂိုးသွင်းဘုရင်ဆုကို ဘာပေ ရရှိ

၂၀၁၉-၂၀ ရာသီ ပြင်သစ်လီဂူးပြိုင်ပွဲ၏ ဂိုးသွင်းဘုရင်ဆုကို ဘာပေ ရရှိ
Photos: AP & Getty Images
Photos: AP & Getty Images
Published 8 May 2020

ပြင်သစ်လီဂူးပြိုင်ပွဲကို ရာသီမကုန်မီ ဖျက်သိမ်းလိုက်ရသော်လည်း အမှတ်ပေးဇယားထိပ်ဆုံးမှ PSG အသင်းကို ချန်ပီယံအဖြစ် သတ်မှတ်ခဲ့သလို၊ ဘာပေကိုလည်း ဂိုးသွင်းဘုရင်ရွှေဖိနပ်ဆုရှင်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။ 

PSG အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘာပေသည် ၂၀၁၉-၂၀ ရာသီ ပြင်သစ်လီဂူးပြိုင်ပွဲ၏ ဂိုးသွင်းဘုရင်ဆုကို ရရှိခဲ့ကြောင်း သိရသည်။    

ပြင်သစ်လီဂူးပြိုင်ပွဲကို ရာသီမကုန်မီ ဖျက်သိမ်းလိုက်ရသော်လည်း အမှတ်ပေးဇယားထိပ်ဆုံးမှ PSG အသင်းကို ချန်ပီယံအဖြစ် သတ်မှတ်ခဲ့သလို၊ ဘာပေကိုလည်း ဂိုးသွင်းဘုရင်ရွှေဖိနပ်ဆုရှင်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။ 

ဘာပေသည် ယခုရာသီပြင်သစ်လီဂူးပြိုင်ပွဲတွင် (၁၈)ဂိုးသွင်းယူထားပြီး မိုနာကိုတိုက်စစ်မှူး ဘင်ယက်ဒါနှင့် သွင်းဂိုးအရေအတွက်ချင်း တူညီနေခဲ့သော်လည်း ဘာပေက ဂိုးအားလုံးကို Open Play မှ သွင်းယူခဲ့ပြီး ဘင်ယက်ဒါက ပယ်နယ်တီသွင်းဂိုး(၃)ဂိုး ပါဝင်ခဲ့ခြင်းကြောင့် ဘာပေကို ဂိုး သွင်းဘုရင်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ဘာပေသည် ပွဲ(၂၀)သာကစားကာ (၁၈) ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဘင်ယက်ဒါက (၂၆)ပွဲကစားခဲ့သည့်အတွက် တစ်ပွဲပျမ်းမျှဂိုးသွင်းနှုန်းတွင်လည်း ဘာပေက အသာရခဲ့သည်။

ဘာပေသည် အဆိုပါဆုကို ၂၀၁၈-၁၉ ရာသီတွင်လည်း သွင်းဂိုး (၃၃)ဂိုးဖြင့် ရယူနိုင်ခဲ့သည်။ 

ထို့ပြင် ၂၀၁၅-၁၆ ရာသီတွင် အီဘရာဟီမိုဗစ်၊ ၂၀၁၆-၁၇ နှင့် ၂၀၁၇-၁၈ ရာသီတွင် ကာဗာနီတို့ ရရှိခဲ့သည့်အတွက် PSG အသင်းမှကစားသမားများ (၅) ရာသီဆက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent