COVID- 19 ရောဂါရှာဖွေရေးနှင့်ပတ်သက်၍ စက်အသစ်တစ်လုံး၊ ဆေးရည်များနှင့် ဆက်စပ်ပစ္စည်းများ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းနှင့် တပ်မတော်သို့လှူဒါန်းခဲ့မှုအား AA Medical Products ထုတ်ပြန်

COVID- 19 ရောဂါရှာဖွေရေးနှင့်ပတ်သက်၍ စက်အသစ်တစ်လုံး၊ ဆေးရည်များနှင့် ဆက်စပ်ပစ္စည်းများ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းနှင့် တပ်မတော်သို့လှူဒါန်းခဲ့မှုအား AA Medical Products ထုတ်ပြန်
Cobas 6800 စက်အား တွေ့ရစဉ် (Photo- AA Medical Products)
Cobas 6800 စက်အား တွေ့ရစဉ် (Photo- AA Medical Products)
Published 27 April 2020

COVID- 19 ရောဂါရှာဖွေရေးနှင့် ပတ်သက်၍ စက်အသစ်တစ်လုံးနှင့် ဆေးရည်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (NHL) နှင့် တပ်မတော်သို့လှူဒါန်းခဲ့ရခြင်း အကြောင်းအရာနှင့် ဖြစ်စဉ်များအား AA Medical Products Ltd က ဧပြီ ၂၇ ရက်တွင် ၎င်းတို့၏ Facebook စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ကြေညာသည်။

 

AA Medical Product က အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်း (NHL) သို့ COVID- 19 ရောဂါပိုး ရှာဖွေရှာတွင် အသုံးပြုရန် Cobas 6800 ရောဂါရှာဖွေရေး စက်တစ်လုံးနှင့် ၎င်းစက်နှင့် တွဲဖက်အသုံးပြုရသည့် SARS-CoV-2 reagent ရောဂါရှာဖွေရေးဆေးရည်ကို လူဦးရေ ၁၁၀၀ စာအတွက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးလက်အောက်ရှိ အမှတ် (၁) တပ်မတော်စစ်ဆေးရုံကြီး ခုတင် (၁၀၀၀) ရန်ကုန်နှင့် အမှတ် (၂) တပ်မတော် စစ်ဆေးရုံကြီး ခုတင် (၁၀၀၀) နေပြည်တော်ရှိ Cobas 6800 စက်နှင့် တွဲဖက်သုံးစွဲရမည့် SARS-CoV-2 reagent ရောဂါရှာဖွေရေးဆေးရည်ကို လူဦးရေ ၁၀၀၀ စာ ကိုလည်း လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

 

ယခင်ကတည်းက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် အမျိုးသားသွေးလှူဘဏ်၌ Cobas 6800 စက်တစ်လုံးရှိပြီး ယခု AA Medical Product က COVID-19 စစ်ဆေးရန် စက်အသစ်တစ်လုံး လှူဒါန်းမှုကြောင့် ဝန်ကြီးဌာန လက်အောက်တွင် Cobas 6800 စက်နှစ်လုံး ရှိလာမည်ဖြစ်သည်။

Cobas 6800 စက်သည် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားသွေးလှူဘဏ် (ရန်ကုန်) တွင်လည်းကောင်း၊ အမှတ် (၁) တပ်မတော်စစ်ဆေးရုံကြီး ခုတင် (၁၀၀၀) ရန်ကုန်တွင်လည်းကောင်း၊ အမှတ် (၂) တပ်မတော် စစ်ဆေးရုံကြီး ခုတင် (၁၀၀၀) နေပြည်တော်တွင်လည်းကောင်း ၂၀၁၉ ခုနှစ် ကတည်းက တပ်ဆင်အသုံးပြုနေသောစက် ဖြစ်ကြောင်း သိရသည်။

 

တပ်မတော်စစ်ဆေးရုံနှစ်ရုံသို့ လှူဒါန်းခဲ့သော လူဦးရေ ၁၀၀၀ စာ ရောဂါရှာဖွေရေးဆေးရည် Reagent များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ လှူဒါန်းထားသော Cobas 6800 စက်အသစ်၊ လူဦးရေ ၁၁၀၀ စာ Reagent နှင့်အတူ ဧပြီ ၂၂ ရက်က ရန်ကုန်မြို့သို့ တစ်ပေါင်းတည်း ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ Cobas 6800 Analyzer စက်သည် Hepatitis A, Hepatitis B, Hepatitis C, Hepatitis E, HIV, TB ရောဂါနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကို ဖြစ်စေသော HPV ဗိုင်းရပ်စ်ပိုးတို့ကို စစ်ဆေးပေးနိုင်သော စက်ဖြစ်ကြောင်း၊ အထက်ပါရောဂါများကို ရှာဖွေရန် ထိုစက်ဖြင့် တွဲဖက်သုံးစွဲရသည့် ရောဂါရှာဖွေရေးဆေးရည် (Reagent) အမျိုးမျိုးကို သိလိုသောရောဂါအလိုက် ထည့်၍ ရောဂါရှာဖွေနိုင်ကြောင်း၊ အထူးသဖြင့် သွေးလှူဘဏ်များနှင့် ဆေးရုံကြီးများတွင် သွေးလှူဒါန်းသည့်လူများကို HIV, Hepatitis B ရောဂါနှင့် Hepatitis C ရောဂါပိုးရှိ မရှိ စစ်ဆေးရာမှာ သုံးသည့်စက်ဖြစ်ကြောင်း၊ ရောဂါကင်းရှင်းသော၊ သန့်ရှင်းသော သွေးရရှိရန်အတွက် အသုံးပြုစစ်ဆေးသောစက်ဖြစ်ကြောင်း AA Medical Products Ltd ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

တပ်မတော်အနေဖြင့်လည်း သွေးလှူရှင်များထံမှ သန့်ရှင်းသောသွေးရရှိရန်အတွက် Cobas 6800 စက်ကို ၂၀၁၉ ခုနှစ်ကပင် တပ်ဆင်အသုံးပြုနေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အထက်ဖော်ပြပါ ရောဂါများစစ်ဆေးသော ရောဂါရှာဖွေရေးဆေးရည် (Reagent) များသည် COVID- 19 ရောဂါပိုး ရှိမရှိ စစ်ဆေးနိုင်သော SARS-CoV-2 reagent နှင့်မတူဘဲ COVID- 19 ကပ်ရောဂါ ဖြစ်လာချိန်တွင် SARS-CoV-2 reagentudk Cobas 6800  စက်ကို တီထွင်သော ဆွစ်ဇာလန်အခြေစိုက် Roche Diagnostic Company ကပင် တီထွင်ခဲ့ပြီး အမေရိကန် FDA တွင် ၂၀၂၀ ပြည့်နှစ် မတ်လတွင်ပင် မှတ်ပုံတင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ 

ထိုသို့ အသစ်တီထွင်လိုက်သော SARS -CoV-2 reagent အသစ်ကို မြန်မာနိုင်ငံတွင်ရှိပြီးသော Cobas 6800 analyser စက်များ အပါအဝင် ယခု COVID- 19 ကပ်ရောဂါ ကာလတွင် AA Medical Product Ltd (Pacific- AA Foundation) မှ NHL သို့ လှူ ဒါန်းခဲ့သော Cobas 6800 စက်တို့တွင် စစ်ဆေးနိုင်ရန်အတွက် AA Medical Products Ltd မှ Switzerland နိုင်ငံအခြေစိုက် Roche Diagnostic ကုမ္ပဏီထံမှ ဝယ်ယူတင်သွင်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်စစ်ဆေးရုံနှစ်ရုံတွင် နဂိုရှိနေပြီးသော Cobas 6800 စက်များကို COVID- 19 ရောဂါပိုး စစ်ဆေးနိုင်ရန်အတွက် Roche Myanmar Ltd, AA Medical Products Ltd ၏ ကျွမ်းကျင်ပညာရှင်များနှင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပညာရှင်များပူးပေါင်းပြီး စက်ပိုင်းဆိုင်ရာ လိုအပ်သည့် Installation နှင့် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ခဲ့ပြီးနောက် ဧပြီ ၂၃ ရက်တွင် စမ်းသပ်စစ်ဆေးမှုများ အောင်မြင်စွာ ပြီးစီးခဲ့သည့်အတွက် ယခုအခါ အဆိုပါစစ်ဆေးရုံများရှိ စက်များမှာ COVID- 19 ရောဂါပိုး စမ်းသပ်စစ်ဆေး အတည်ပြုမှုများပြုလုပ်ရန် အသင့်ရှိပြီကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

NHL တွင် အဆိုပါစက်ထားမည့် Lab အခန်း အဆင့်မြှင့်တင်ခြင်းသည် သင်္ကြန်ပိတ်ရက်အတွင်း ပြီးစီးပြီးဖြစ်၍ စက်တပ်ဆင်ခြင်း၊ Test Ryb လုပ်ခြင်းနှင့် Live Run လုပ်ခြင်းတို့ကို အဆင့်ဆင့်ဆောင်ရွက်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာတွင် COVID- 19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်၌ ကမ္ဘာ့အကြီးဆုံး Medical Device ကုမ္ပဏီတစ်ခုဖြစ်သည့် Roche Diagnostic မှ COVID- 19 ရောဂါ ရှိမရှိ Automatic စနစ်ဖြင့် တိကျမြန်ဆန်စွာ စစ်ဆေးပေးနိုင်သော မြန်မာနိုင်ငံတွင်ရှိပြီးဖြစ်သည့် Roche Cobas 6800 Analyzer စက်များနှင့် တွဲဖက်သုံးစွဲရမည့် SARS-CoV-2 Reagent  အသစ်ကို တီထွင်နိုင်ခဲ့ပြီး US FDA တွင် ယခုလတ်တလော၌ပင် မှတ်ပုံတင်ရရှိခဲ့သည့် သတင်းကောင်းသိရသည်နှင့်တစ်ပြိုင်နက် မြန်မာပြည်တွင် အသုံးပြုနိုင်ရန် ကြိုးစားခဲ့ရာ ဧပြီလတွင် မြန်မာနိုင်ငံသို့ ပထမဆုံးရရှိနိုင်ရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တစ်ကမ္ဘာလုံး နိုင်ငံကြီးများက Roche ထံ လုယက်ဝယ်ယူနေကြချိန်တွင် ခွဲတမ်းစနစ်ဖြင့်ရရန်ပင် ခက်ခဲနေချိန်၌ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ စတင်အသုံးပြု စစ်ဆေးနိုင်ချိန်နှင့် တစ်ပြိုင်နက် မြန်မာနိုင်ငံတွင်လည်း ခေတ်မနောက်ကျဘဲ၊ အချိန်နောက်မကျဘဲ တိုင်းပြည်နှင့် လူမျိုးအတွက် ရရှိအောင်ဆောင်ရွက်ခဲ့၍ ဝမ်းသာကြည်နူးမိကြောင်း AA Medical Products Ltd ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုသို့ လှူဒါန်းမှုများအတွက် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းရန် ၂၀၂၀ ပြည့်နှစ် မတ်လ၌ပင် စတင်လုပ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် NHL တွင် အဆိုပါစက်ထားရန် Virology Lab အခန်း အဆင့်မြှင့်တင်ခြင်းကိုလည်း ဧပြီလ ပထမပတ်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ဧပြီလတွင် အထက်ပါလှူဒါန်းထားသော စက်နှင့် Reagent များအားလုံးကို အမေရိကန်နိုင်ငံမှနေ၍ ဂျာမနီနိုင်ငံမှတစ်ဆင့် လေကြောင်းဖြင့် ထိုင်းနိုင်ငံသို့တင်သွင်းခဲ့ပြီး၊ ထိုမှတစ်ဆင့် ကားဖြင့် မြန်မာနိုင်ငံသို့ ဆက်လက်တင်သွင်းရာ မတ် ၂၂ ရက်တွင် ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ AA Medical Products ၏ လှူဒါန်းမှုမှာ ငွေပမာဏအားဖြင့် ကျပ် ၈၇၇၉ သိန်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent