မိမိ၏အင်္ဂလန်ဂိုးသွင်းစံချိန်ကို ဟာရီကိန်း ချိုးဖျက်နိုင်လိမ့်မည်ဟု ရွန်နီ ဟောကိန်းထုတ်ခဲ့ပြီး ကစားသမားဘဝတွင် ဂိုးပိုသွင်းခဲ့သင့်သည်ဟု ဝန်ခံ

မိမိ၏အင်္ဂလန်ဂိုးသွင်းစံချိန်ကို ဟာရီကိန်း ချိုးဖျက်နိုင်လိမ့်မည်ဟု ရွန်နီ ဟောကိန်းထုတ်ခဲ့ပြီး ကစားသမားဘဝတွင် ဂိုးပိုသွင်းခဲ့သင့်သည်ဟု ဝန်ခံ
Published 21 April 2020

အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ရွန်နီက ၎င်းင်းတင်ရှိ ထားသည့် အင်္ဂလန်လက်ရွေးစင်သွင်းဂိုးအများဆုံးစံချိန်ကို ဟာရီကိန်း  ချိုးဖျက်နိုင်လိမ့်မည်ဟု သုံးသပ်ခဲ့သည်။

ထို့ပြင် ၎င်းက ကစား သမားဘဝတွင် ပင်ကိုသဘာဝအရ အဆုံးသတ်ကောင်းသူ တစ်ဦးမဟုတ်သော်လည်း ယခုထက်ဂိုးပိုမိုသွင်းခဲ့သင့်သည်ဟု ဝန်ခံခဲ့သည်။

''ကျွန်တော့်ရဲ့ရိုးသားစွာဝန်ခံမှုက ခင်ဗျားအတွက် အံ့ အားသင့်စရာဖြစ်နိုင်တယ်။ ကျွန်တော်က ပင်ကိုသဘာဝအရ ဂိုးသွင်းသူမဟုတ်ပါဘူး။ ကျွန်တော်ဟာ မန်ယူနဲ့အင်္ဂလန်အ သင်းမှာ စံချိန်တွေတင်ထားနိုင်ခဲ့တယ်။ ဒါက အရမ်းဂုဏ်ယူစ ရာကောင်းပါတယ်။ No.9 Role မှာ ကျွန်တော့်ထက်ကောင်းတဲ့ ကစားသမားတွေများစွာ ရှိပါတယ်။ ပင်တိုင်ဂိုးသွင်းသူမဟုတ်ဘဲနဲ့ ဘာကြောင့်စံချိန်တွေ ချိုးနိုင်သလဲဆိုတဲ့မေးခွန်းရဲ့အ ဖြေကတော့ အချိန်ပါပဲ။ ယူနိုက်တက်အသင်းအတွက် (၁၃) နှစ်ကစားခဲ့တယ်။ အင်္ဂလန်အသင်းမှာ (၁၅)နှစ်ကြာခဲ့တယ်။  ဒါကြောင့် ဒီစံချိန်တွေချိုးဖျက်ဖို့ အချိန်ရခဲ့ပါတယ်။ ပြီးတော့ အတိတ်ကိုပြန်ကြည့်ရင် ကျွန်တော့်အနေနဲ့ ဒီထက်တောင် ဂိုး ပိုသွင်းခဲ့သင့်ပါတယ်။ ဟာရီကိန်းကတော့ ကျွန်တော့်ရဲ့စံချိန် ကိုကျော်ဖြတ်ဖို့အတွက် အဲဒီလောက်အချိန်ယူရမယ် မထင် ပါဘူး။ သူ့လိုကစားသမားမျိုး ရှိနေတာဟာ အင်္ဂလန်အသင်း အတွက် ထူးကဲပါတယ်။ ဘော်ဘီချာလ်တန်က သူ့ရဲ့စံချိန် ကျော်ဖြတ်တာခံရဖို့ နှစ်(၅၀)လောက် စောင့်ခဲ့ပါတယ်။ ကျွန် တော်အဖို့တော့ အဲဒီလောက်မကြာဖို့ မျှော်လင့်ပါတယ်။ ယူ နိုက်တက်အသင်းစံချိန်ကတော့ ကြာဦးမှာပါ။ ဘာကြောင့်လဲ ဆိုတော့ ကစားသမားတွေဟာ ကလပ်အသင်းမှာ ကြာရှည်မြဲမြံ ဖို့ မသေချာလို့ပါ}}ဟု ရွန်နီက Sunday Times ကော်လံတွင် ရေးသားခဲ့သည်။

ရွန်နီသည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၅၃) ဂိုးအထိ သွင်းယူထားပြီး မန်ယူဂန္ထဝင် ဘော်ဘီချာလ်တန်၏စံ ချိန်ကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။

(၂၆)နှစ်အရွယ်ရှိ ဟာရီကိန်း မှာမူ လက်ရှိတွင် အင်္ဂလန်အသင်းအတွက် (၄၅)ပွဲသာ ကစား ထားရပြီး (၃၂)ဂိုးအထိ သွင်းယူထားကြောင်း သိရသည်။

■ ရွန်နီ၏ဂိုးသွင်းမှတ်တမ်း

အသင်း    ဂိုး    ပွဲ    တစ်ပွဲပျမ်းမျှဂိုး

အဲဗာတန်(၂၀၀၂-၀၄)    ၁၇    ၇၇    ၀.၂၂

မန်ယူ(၂၀၀၄-၁၇)    ၂၅၃    ၅၅၉    ၀.၄၅

အဲဗာတန်(၂၀၁၇-၁၈)    ၁၁    ၄၀    ၀.၂၈

ဒီစီယူနိုက်တက်(၂၀၁၈-၂၀)    ၂၃    ၄၉    ၀.၄၇

ဒါဘီ(၂၀၂၀-)    ၄    ၁၅    ၀.၂၇

အင်္ဂလန်(၂၀၀၃-၁၈)    ၅၃    ၁၂၀    ၀.၄၄

Most Read

Most Recent