ဝန်ထမ်းများကို လစာပေးနိုင်ရန် ရိုးမားကစားသမားများ လစာလျှော့ယူ

ဝန်ထမ်းများကို လစာပေးနိုင်ရန် ရိုးမားကစားသမားများ လစာလျှော့ယူ
Published 20 April 2020

 

ရိုးမားအသင်းကစားသမားများသည်  အသင်းမှ အခြားဝန်ထမ်းများကို လစာပေး နိုင်ရန်အတွက် လစာလျှော့ယူရန်ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။ ရိုးမားအသင်းကစား သမားများ၏ လစာလျှော့ယူမည့်အစီအစဉ် သည် (၄)လစာအထိရှိနိုင်ကြောင်း အီတလီ မီဒီယာများက ဖော်ပြခဲ့သည်။

၂၀၁၉-၂၀ ရာသီပြန်လည်မစတင်နိုင်ပါက လစာ (၄) လစာလုံး မယူရန် ရိုးမားအသင်းကစားသမား များ ဆုံးဖြတ်ထားကြောင်း သိရသည်။

ထို့  ပြင် ၂၀၁၉-၂၀ ရာသီပြန်လည်စတင်နိုင်ပါကလည်း လာမည့်ဘဏ္ဍာရေးနှစ်အတွင်း အသင်း၏ ဘဏ္ဍာရေးအခြေအနေပိုပြီးတည် ငြိမ်စေရန်အတွက် ရိုးမားအသင်းကစားသ မားများသည် လစာလျှော့ယူသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ယင်းအစီအစဉ်တွင် ရိုးမားအသင်းနည်းပြ ဖွန်ဆီကာ  လည်းပါဝင်ခဲ့ပြီး ရိုးမားအသင်းဒါရိုက်တာ အဖွဲ့ဝင်များကလည်း အသင်းဝန်ထမ်းများ၏ အနာဂတ်အတွက် လစာငွေမယူရန် ဆုံးဖြတ်ထားသည်။

ရိုးမားအသင်းသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွက် လှူဒါန်းမှုများပြုလုပ် လျက်ရှိသည်။

Roma Care ရန်ပုံငွေဖြင့် ဒေသခံဆေးရုံများသို့ လှူဒါန်းမှုများပြုလုပ် နေသလို၊ ရိုးမားအသင်းပရိသတ်များအတွက် လည်း အစားအသောက်များအခမဲ့ဝေငှခဲ့ ကြောင်း သိရသည်။

ရိုးမားအသင်းမတိုင်မီ တွင် ဂျူဗင်တပ်စ်အသင်းကစားသမားများ နှင့် နည်းပြဆာရီတို့သည် အသင်း၏ ဘဏ္ဍာ ရေးဟန်ချက်တည်ငြိမ်စေရန်အတွက် မတ် လမှစတင်၍ လာမည့် ဇွန်လအထိ  လစာငွေမယူရန် ဆုံးဖြတ်ခဲ့ပြီး ယင်းကြောင့်  ဂျူဗင် တပ်စ် ယူရိုသန်း (၉၀) သက်သာခဲ့သည်။

 

Most Read

Most Recent