Chinese 8 Ball ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရထားသည့် မောင်မောင် အဖွင့်ပွဲအဖြစ် ကမ္ဘာ့ချန်ပီယံဟောင်းနှင့် ဧပြီ (၂၈)ရက်တွင် ယှဉ်ပြိုင်ရမည်

Chinese 8 Ball ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရထားသည့် မောင်မောင် အဖွင့်ပွဲအဖြစ် ကမ္ဘာ့ချန်ပီယံဟောင်းနှင့် ဧပြီ (၂၈)ရက်တွင် ယှဉ်ပြိုင်ရမည်
Photo : Ko Ar Ti Facebook
Photo : Ko Ar Ti Facebook
Published 19 April 2020

ပွဲစဉ်ရေးဆွဲထားမှုအရ ပထမအဆင့်ပွဲစဉ်များကို မေလကုန်တွင် အပြီးကျင်းပမည်ဖြစ်ပြီး အဆင့် (၁) မှ (၄)အထိရရှိသည့် ကစား သမား(၄)ဦး၊ အဆင့် (၅) နှင့် (၆) နေရာရ ကစားသမားတို့ Play-off ကစားပြီး အနိုင်ရသူ (၁)ဦး၊ စုစုပေါင်း(၅)ဦးမှာ ဒုတိယအဆင့်သို့ တက်လှမ်းယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။ 

 

Chinese 8 Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားသည့် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) မောင်မောင် (ခ) အားတီသည် အဖွင့်ပွဲအဖြစ် ဧပြီ (၂၈)ရက်တွင် ကမ္ဘာ့ချန်ပီယံဟောင်း တရုတ်ကစားသမား ယူဟိုင် ထောင်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို တရုတ်ကုမ္ပဏီတစ်ခုက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ကစားသမား(၈)ဦးသာ ယှဉ်ပြိုင်ရသည့်ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော်သည် တရုတ်ကစားသမား (၇)ဦးနှင့်အတူ ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲကို ဧပြီ(၁၈) ရက်တွင် စတင်ကျင်းပနေပြီး ဘုန်းမြင့်ကျော်သည် အဖွင့်ပွဲကို ဧပြီ(၂၈)ရက်မှ ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ ပထမအဆင့်ပွဲစဉ်များကို မေလကုန်တွင် အပြီးကျင်းပမည်ဖြစ်ပြီး အဆင့် (၁) မှ (၄)အထိရရှိသည့် ကစား သမား(၄)ဦး၊ အဆင့် (၅) နှင့် (၆) နေရာရ ကစားသမားတို့ Play-off ကစားပြီး အနိုင်ရသူ (၁)ဦး၊ စုစုပေါင်း(၅)ဦးမှာ ဒုတိယအဆင့်သို့ တက်လှမ်းယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ 

ဘုန်းမြင့်ကျော်သည် ဧပြီ(၂၈)ရက်တွင် ယူဟိုင်ထောင်၊ ဧပြီ (၂၉)ရက်တွင် လီဘို၊ မေ(၃)ရက်တွင် လီဟိုင်ထောင်၊ မေ (၅)ရက်တွင် ကျန်ယူ ဘို၊ မေ(၁၅)ရက်တွင် ယန်ဖန်၊ မေ(၁၆)ရက်တွင် ဝူကျန်ယု၊ မေ(၃၁)ရက်တွင် ချူဘင်ဂျီတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

"ကျွန်တော် ယှဉ်ပြိုင်ရမယ့် ကစားသမား (၇)ဦးမှာ (၆)ဦးက ကမ္ဘာ့ချန်ပီယံဖြစ်ဖူးတဲ့သူတွေပါ။ အဖွင့်ပွဲကစားရမယ့် ကစားသမားကလည်း ကမ္ဘာ့ချန်ပီယံပါ။ ပြိုင်ဘက်ကောင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး တစ်ပွဲချင်းအကောင်းဆုံးယှဉ်ပြိုင်ကစားသွားမှာပါ။ ပွဲတိုင်းက ခက်ခဲမှာဖြစ်ပေမယ့် သေချာပြင်ဆင်နေပါတယ်။ ပြိုင်ဘက်ကောင်းတွေနဲ့ ယှဉ်ပြိုင်ရလို့ ကျွန်တော့်ရဲ့ အရည်အသွေး ပိုမိုတိုးတက်လာနိုင်တာကြောင့် ပိုပြီးကြိုးစားသွားမှာပါ။ အတွေ့အကြုံအပြင် အောင်မြင်မှုရအောင်လည်း ကြိုးစားသွားမှာပါ" ဟု ဘုန်းမြင့်ကျော်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။ 

ယင်းပြိုင်ပွဲတွင် ဆုကြေးငွေစုစုပေါင်း မြန်မာကျပ်ငွေ သိန်း (၂၆၀၀) ချီးမြှင့်မည်ဖြစ်ပြီး ချန်ပီယံဆုရသည့် ကစားသမားမှာ ဆုကြေးငွေအဖြစ် မြန်မာ ကျပ်ငွေ သိန်း(၁၀၀၀)  (တရုတ်ငွေ ယွမ် ၅ သိန်း) ရရှိမည်ဖြစ်ပြီး ပတ်လည်ပွဲများ တွင် တစ်ပွဲချင်းအနိုင်ရပါက ဆုကြေးကျပ်သိန်း (၂၀) (တရုတ်ငွေ ယွမ် ၁၀၀၀၀) ရရှိမည်ဖြစ်သည်။ 

 

Most Read

Most Recent