ဘာလိုတယ်လီအတွက် လက်ရွေးစင်အသင်းတွင် တံခါးဖွင့်ထားဆဲဟု အီတလီအသင်းနည်းပြ မန်စီနီ ဆို

ဘာလိုတယ်လီအတွက် လက်ရွေးစင်အသင်းတွင် တံခါးဖွင့်ထားဆဲဟု အီတလီအသင်းနည်းပြ မန်စီနီ ဆို
Photos: Getty Images
Photos: Getty Images
Published 19 April 2020

ဘာလိုတယ်လီ (၂၉ နှစ်)သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလက ကစား ခဲ့သည့် UEFA Nations League ပွဲစဉ် အီတလီ (၁-၁) ပိုလန်ပွဲတွင် ပါဝင်ခဲ့ပြီး လက်ရွေးစင်အသင်းနှင့် ဝေးကွာနေသူဖြစ်သည်။ 

 

အီတလီအသင်းနည်းပြ မန်စီနီက ဘရက်စီယာတိုက်စစ်မှူး ဘာလိုတယ်လီအတွက် လက်ရွေးစင်အသင်းတွင် တံခါးဖွင့်ထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဘာလိုတယ်လီ (၂၉ နှစ်)သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလက ကစားခဲ့သည့် UEFA Nations League ပွဲစဉ် အီတလီ (၁-၁) ပိုလန်ပွဲတွင် ပါဝင်ခဲ့ပြီး လက်ရွေးစင်အသင်းနှင့် ဝေးကွာနေသူဖြစ်သည်။ 

မန်စီနီက "ဘာလိုတယ်လီက စွမ်းရည်ရှိတဲ့ ကစားသမားပါ။ သူ့အနေနဲ့ ကောင်းကောင်းကစားနိုင်မယ်ဆိုရင် အီတလီအသင်းမှာ ရွေးဖို့အသင့်ပါပဲ။ အားလုံးက သူ့အပေါ်မှာပဲ မူတည်ပါ တယ်"ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent